ကျွန်တော်မပျော်သော သင်္ကြန်

in woh •  3 months ago

    အရင်ကဆိို
    သင်္ကြန်ဆိုတဲ့ အသံကိုကြားတာနဲ့
    မနေနိုင်မထိုင်နိုင် ဖြစ်တဲ့အထိ
    သင်္ကြန်ကို ကျနော်အရမ်းချစ်မြတ်နိုးခဲ့ပါတယ်။

    ပိတောက်ပန်းဖူးလေးတွေ
    အပင်ထက်မှာ ဝေနေတာရော
    အများသူငါဖွင့်တဲ့ သင်္ကြန်သီချင်းတွေရော
    နားထဲ မျက်စိထဲရောက်လာတာနဲ့ကို
    ကျနော့်ကိုယ်ထဲက သင်္ကြန်ပိုးတွေကအရမ်းထကြွလာပါတယ်။

    ကျနော် သင်္ကြန်နောက်ဆုံးလည်ခဲ့တဲ့နှစ်ကတော့
    2020ခုနှစ်ကပေါ့ဗျာ
    ကိုဗစ်တွေဖြစ်နေတာတောင် မရမက ပျော်ခဲ့ကြတာ
    လန့်ပျော်ကြီးပေါ့ဗျာ။

    အာဏာသိမ်းပြီးနောက်မှာတော့
    သင်္ကြန်ဆိုတာ ပျော်စရာမဟုတ်တော့ဘူးဗျာ
    အနှစ်သာရကင်းမဲ့တဲ့ ပွဲတစ်ခုသပ်သပ်ပဲ
    ကျနော် မပျော်ဘူးဗျာ
    အပြင်ကိုလဲ ရေပက်ခံယုံသီးသန့်ဆိုပြီး
    ထွက်မလည်ဖြစ်ဘူးဗျာ။

    အရင်က သင်္ကြန်ဆိုရင်
    ရေစိုမှ အထာကျတာကွဆိုပြီး
    တမင်ရေပက်ခံတဲ့ ကျနော်က
    အခုချိန်မှာ မတတ်သာလို့ အပြင်ရောက်ခဲ့ရင်တောင်
    ရေစိုမခံချင်ဘူး
    ရေပက်ခံရတာကိုလဲ မပျော်နေဘူးဗျာ။

    လိုင်းပေါ်မှာ သင်္ကြန်နဲ့ ပတ်သတ်တာတွေလဲ
    လုံးဝမShareဘူး မကြည့်မိအောင်ကိုနေပါတယ်
    အရမ်းပြီးအပေါစားဆန်တဲ့ ဖျော်ဖြေမှုတွေကိုလဲ
    ဟာသပဲဆိုပြီးတောင် အဖက်လုပ်ပြီးတောင် Shareမလုပ်ဘူး။

    နိုင်ငံကောင်းဖို့အတွက်ဆိုပြီး
    ထွေထွေထူးထူး လုပ်မပေးနိုင်ပေမဲ့လည်း
    နိုင်ငံအတွက်ပေးဆပ်နေတဲ့ သူငယ်ချင်းတွေမပါဘဲနဲ့
    ဘာပွဲမှာမှ ကျနော်မပျော်ချင်ဘူး
    ပျော်ခွင့်မရှိတဲ့ ပြည်သူတွေကိုလဲ
    ကျနော်အားနာတယ်
    ပြီးတော့
    ကျနော် လိပ်ပြာလုံချင်တယ်
    ဒီနှစ်မှ မဟုတ်ပါဘူး
    ကျနော် သင်္ကြန်တွင်းမှာ
    ရေပက်ခံမထွက်ခဲ့တာ
    အာဏာသိမ်းခံရပြီးကတည်းကနေ အခုထိပါပဲဗျာ။

    ဒီနှစ်သင်္ကြန်ကတော့
    ပုံမှန်အတိုင် အိမ်တွင်းပုန်းပြီး ငြိမ်နေတာမျိးမဟုတ်ဘဲနဲ့
    အိမ်မှာပဲ The PDF Game(WOH)ဆော့နေမှာပဲဖြစ်ပါတယ်ဗျာ

    မကြာခင်တော့ ကျနော့်ရဲ့ Certificateကို လာကြွားဦးမယ်ဗျာ
    အဆုံးထိ ဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!