ပုရွက်ဆိတ် အချစ်။ Love Ant.

in voilk •  last month

    အင်းဆက်တွေအကြောင်း နည်းနည်းသိလို၍
    ဂူဂဲကို ခေါက်ကြည့်သည်။ အေအိုင်တော့
    မကလိရသေး၍ မမေးကြည့်ရသေးပါ။ သို့နှင့်
    အင်တာနက်ဖွင့်ကာ ဂူဂဲဘောက်မှာ
    ပုရွက်ဆိတ်ဟု ရိုက်ရှာကြည့်သည်။
    အဲ့မှာ ပုရွက်ဆိတ်သည် အင်းဆက်မျိုးစိတ်
    ဖြစ်သည့် နကျယ်ကောင်နှင့် ပျားတို့၏
    ဘော်ဒါများဖြစ်သည်တဲ့။

    အိုကေ သို့နှင့် ဆက်လက်ပြီး သိချင်သဖြင့်
    ဝိကီပီဒီယာဆိုသည့်ဟာကို ဆက်၍နှိပ်သည်။
    သွားနေသည် အပေါ်က အပြာ‌ေရာင်
    ဘားတန်လေး က သွားနေသည်။ အောက်က
    အဝိုင်းလေးကလည်း လည်နေသည်။
    စောင့်သည် စောင့်နေပါသည်။ အတန်ကြာ
    လာသည်။ စိတ်ကမရှည်တော့။ နေတော့
    လဟယ်။ ကိုယ့်ဟာကို ကြည့်ကျက် ရွှီးလိုက်
    တော့မယ်။

    သိချင်သူတွေ၊ အသေးစိတ်သိချင်သပဆို
    ကိုယ့်ဟာကို ကိုယ့်ဖုန်း သို့မဟုတ် ကွန်ပျူတာ
    နှင့်ရှာဖွေကြည့်ကြပါကုန့်လော့။ ကိုယ်တွေတော့
    ကိုယ်တိုင် ကြုံတွေ့ရသည့် အရာတွေ၊ ခံစားချက်
    တွေသာရေးလိုက်တော့မယ်။ ဟံမယ် ခံစားချက်
    တွေဆိုလို မိတ်ဆွေများ အရမ်းတော့ ဖီးလ်
    မသွားပါနဲ့လေ။

    ဂလိုပါ။ မိတ်ဆွေတို့ ပုရွက်ဆိတ် အကိုက်ခံရဖူးပါသလား။
    ရော ခက်ပြီး။ ပုရွက်ဆိတ်တော့ လူတိုင်း
    အကိုက်ခံရဖူးတာပ။ ပုရွက်ဆိတ်ကိုက်ခံရရင်
    ကိုက်ခံရတဲ့ ဝေဒနာကို ခွဲခြားခံစားဖူးပါသလား။
    ဒီလိုဗျာ တဦးနဲ့ တဦး ကိုယ်ခန္ဓာ၏ နေရာ အမျိုးအစားကို
    မူတည်၍ အကိုက်ခံရတဲ့အခါ
    ဝေဒနာခံစားချက်လည်း ကွားခြားကြပေမည်။

    နောက်တခုက ပုရွက်ဆိတ်ကိုက်သည့်အချိန်
    ဖြစ်သည်။ ပုရွက်ဆိတ်က နေပူပူ ရာသီပူတဲ့
    အချိန်မှာ ကိုက်သည့်အခါ သိပ်ပြီး ထွေထူး
    မခံစားရပေ။ ဝေဒနာ သူကိုက်တာ အနည်း
    ငယ်သာ နာသည်ပေါ့ဗျာ။ ရာသီပူတော့ သူရဲ့
    အဆိပ်လည်း အားပျော့သွားသည်နဲ့တူပါတယ်။
    ပူတော့ ခန္ဓာကိုယ်ရဲ့သွေးက ကျဲနေလိုလည်းထင်ပ။
    ပုရွက်ဆိတ်မှာ အဆိပ်ရှိ မရှိ မသိပါဘူး။
    သူကိုက်ပြီးသွားရင် ခန္ဓာကိုယ် အရေးပြားမှာ
    အဖုလေးဖြစ်ပြီးကျန်နေခဲ့လို အဲ့သဟာကို
    အဆိပ်လို ကိုယ်ဖာသာ သတ်မှတ်လိုက်တာ။

    လာပြီ‌ဗျို့ ပြောချင်တာက အေးတဲ့ရာသီ၊
    အေးတဲ့အချိန် အထူးသဖြင့် ရေအေးအေး
    အအေးဓာတ်ရှိတဲ့နေရာမှာ ပုရွက်ဆိတ်ကိုက်
    တဲ့အခါ အင်မတန်နာတာကလား။ ခန္ဓာကိုယ်
    က အဖုလေးလည်း သာမန်ကိုက်တဲ့အချိန်ထက်
    ပိုကြီးပြီး ပိုနာရသဗျို့။ ဟံမလေး ပုရွက်ဆိတ်
    ကိုက်တာကို ရေးကြီးခွင်ကျယ် အကျယ်ချဲ့
    ရေးပြနေတယ် လို့ ထင်မယ်။

    ဒီလိုဗျာ ကျွန်တော် စဉ်းစားမိတာပါ။
    ပုရွက်ဆိတ်လိုပဲ မိန်းကလေး တွေက
    တူနေသလားလို့။ သွက်သွက်လက်လက်
    ပေါ့ပေါ့ပါးပါး မိန်းကလေးကို ချစ်ပြီး ခွဲခွါ
    ရသည့်အခါ ဝေဒနာ အနည်းငယ်သာခံစားရမည်။
    အဲ အေးဆေးတည်ငြိမ်တဲ့ မိန်းကလေးကို
    ချစ်ပြီး ခွဲခွါရတဲ့အခါ ဝေဒနာပိုပြီး ကြီးစွာခံစား
    ရသလားလို့။
    အဲ့တာ အဲ့ သ ဟာ ပါ ပဲ ဗျာ။

    @htwegyi
    June 11, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!