အမျိုးမျိုး မလုပ်နဲ့နော်

in voilk •  4 months ago

    SEC အုပ်ကြီး Gary Gensler တို့ကတော့ အခုတစ်မျိုးတော်ကြာတစ်မျိုးအမိန့်တွေနဲ့ ရင်ဆိုင်နေရပါပြီ။ SEC အနေနဲ့ crypto ETF တွေကို ဆက်ပြီး ခွင့်ပြုမပေးသင့်တော့ကြောင်း US Democrat အထက်လွှတ်တော်အမတ် 2 ဦးက ဖိအားပေးလာပါတယ်။ Jack Reed နဲ့ Laphonza Butler တို့ဟာ cryptocurrency တွေကို မကြိုက်မနှစ်သက်တဲ့ အစိုးရပိုင်းမှာပါဝင်နေကြတာဖြစ်ပြီး ETF ဈေးကွက်တွေဟာ အလိမ်အညာတွေ၊ ဈေးကွက်လွှမ်းမိုးချုပ်ကိုင်မှုတွေနဲ့ ပြည့်နှက်နေကြောင်း ဝေဖန်ထားပါတယ်။

    Bitcoin ဈေးကွက်ဟာ သိသာပြင်းထန်တဲ့ အားနည်းချက်တွေရှိနေပြီး Bitcoin အောက်က cryptocurrency တွေဆိုရင် ပိုဆိုးနေတာဖြစ်ကြောင်း၊ SEC အနေနဲ့ ခွင့်ပြုပေးပြီးသား spot Bitcoin ETF တွေကိုလည်း တိကျသေချာတဲ့စစ်ဆေးမှုတွေကို အဆင့်ဆင့်ပြန်လည်လုပ်ဆောင်သင့်ကြောင်း ဖိအားပေးထားပါတယ်။
    မကြာခင်မှာ SEC ဖက်ကနေ ခွင့်ပြုပေးတော့မယ်လို့ ယူဆထားကြတဲ့ spot Ethereum ETF တွေရဲ့ အခြေအနေဟာလည်း ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ပြောစကားကြောင့် စိုးရိမ်စရာအနေအထားတစ်ခုကို ရောက်သွားခဲ့ပါတယ်။ လက်ရှိမှာလည်း Bitcoin ဈေးတွေ ပြန်ထိုးကျလာနေတာဟာ ဒီသတင်းကြောင့်လည်း တစိတ်တပိုင်းဖြစ်နိုင်သလို Grayscale ရဲ့ Bitcoin တွေ ထုတ်ရောင်းမှု တစ်ခါပြန်စတင်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    Reference Link: https://cointelegraph.com/news/senators-urge-sec-gary-gensler-reject-further-crypto-etfs

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!