Congratulations PSG

in voilk •  2 months ago

    ပြင်သစ် လိဂ်ဂူး၏ ချန်ပီယံအသင်း ထွက်ပေါ်လို့လာခဲ့ပြီ ဖြစ်၏။ လိဂ်ဂူး ပြီးဆုံးဖို့ 3 ပွဲကျန် ရှိနေသေး၏။ သို့ပေမယ့် အဆင့် 1 က PSG က အဆင့် 2 က Monaco ကို 10 မှတ်ဖြတ်ထား၏။ PSG တို့ လက်ကျန်ပွဲ အားလုံး ရှုံးပြီး Monaco က လက်ကျန်ပွဲ အားလုံးနိုင်ရင်တောင် အမှတ်က လိုက်မမှီတော့ပေ။ ဒီ တပတ်မှာ PSG က Le Havre ကို 3-3 သရေကျခဲ့ပေမယ့် Monaco က Lyon ကို 3-2 ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ ထို့ကြောင့် PSG တို့ ပွဲ မကုန်ခင်မှာပင် ချန်ပီယံ ဖြစ်သွားခဲ့ရလေတော့၏။

    သက်ဆိုင်ရာ လိဂ်မှာ ချန်ပီယံ ဖြစ်သွားပြီးပြီမို့ ချန်ပီယံလိဂ်ဘက်ကို ပိုပြီး အာရုံစိုက်ထားလို့ရ သွားခဲ့ပြီ ဖြစ်၏။ ခုဆို ဒေသ အသီးသီးက လိဂ်ပြိုင်ပွဲ အတော်များများမှာ ပွဲအားလုံး မကစားပြီးခင်မှာပင် ချန်ပီယံ အသင်းတွေ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်၏။ ဂျာမန်၊ အီတလီ၊ ပြင်သစ် တို့မှာ ချန်ပီယံ အသင်းများ ပေါ်ထွက်သွားပြီ ဖြစ်၏။ စပိန်မှာလည်း Real Madrid အနေဖြင့် နောက်ထပ် တပွဲကိုသာ နိုင်ခဲ့ရင် ပွဲမကုန်ခင်မှာ ချန်ပီယံ ဖြစ်လာ ပေလိမ့်မည်။

    EPL မှာတော့ အဖြေ မပေါ်သေးပေ။ နှစ်ပွဲဆက် သရေကျခဲ့သည့် Liverpool ကတော့ ချန်ပီယံလောင်း စာရင်းကနေ ချန်ထားခဲ့လို့ရပြီ ထင်ပါရဲ့။ Arsenal က 35 ပွဲ ကစားပြီး အမှတ် 80 Man City က 34 ပွဲ ကစားထားပြီး 79 မှတ်ရထား၏။ လက်ကျန် ပွဲတွေ အားလုံးက နှစ်သင်းလုံး အတွက် အရေးပါ၊ အရေးကြီးလှ၏။ Arsenal အဖို့ Man United နှင့် အဝေးကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ရှိနေသေးသလို Man City လည်း Tottenham နှင့် အဝေးကွင်းမှာ ကစားသွားရဖို့ ရျှနေသေး၏။ ထိုပွဲစဉ် နှစ်ခုကတော့ ချန်ပီယံ ဖြစ်မဖြစ် အဆုံးအဖြတ် ပေးသွားမယ့် ပွဲစဉ်တွေ ဖြစ်မည်ဟု ပြောလို့ရမည်။

    Man United အမျိုးသားအသင်းထက်စာရင် အမျိုးသမီးအသင်းကတော့ မဆိုးဟု ဆိုရမည်။ ဒါပေမယ့်လည်း ဒီရာသီ အမျိုးသမီးအသင်းက ယခင် ရာသီလောက် အဆင် မပြေနေပေ။ မနှစ်က အဆင့် 2 ဖြင့် ရာသီ သိမ်းနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆင့် 4 ဖြင့်သာ ပန်းဝင်သွားဖို့ များနေ၏။ အမျိုးသမီးချန်ပီယံလိဂ် ဝင်ခွင့်နဲ့လည်း လွဲချော်သွားဖို့ များနေ၏။ မနေ့က Leicester City အမျိုးသမီးအသင်းနှင့် ပွဲစဉ်မှာတော့ Toone ၏ တလုံးထဲသော သွင်းဂိုးဖြင့် အနိုင်ရသွားခဲ့၏။

    မည်သို့ပင် ဆိုစေ မနှစ်ကော ဒီနှစ်ကော FA Cup Final အဆင့်ကို အမျိုးသားအသင်းကော အမျိုးသမီးအသင်းကော တက်လှမ်း ထားနိုင်ခဲ့၏။ ဒီနှစ်မှာတော့ နှစ်သင်းလုံး ချန်ပီယံ ဖြစ်ဖို့ မျှော်လင့် နေမိ၏။

    နက်ဖြန် မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာတော့ Preston vs Leicester city တို့၏ Championship ပွဲစဉ် ရှိ၏။ ဒီပွဲကိုသာ Leicester တို့ နိုင်အောငါ ကစားခဲ့ရင် Championship ချန်ပီယံ ဖြစ်ပြီ။ ရာသီသိမ်းဖို့ တပွဲကျန်နေပေမယ့်လည်း Ipswich အနေဖြင့် လက်ကျန် ပွဲနိုင်လည်း Leicester ၏ ရမှတ်ကို မမှီနိုင်တော့ သောကြောင့် ဖြစ်၏။ Leicester ရေ ချန်ပီယံ အဖြစ်နဲ့ EPL ကို ပြန်လာနိုင်ပါစေ။

    (photos from PSG & Manchester United Women Facebook pages)

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!