ကိုယ်သာ Hive စိတ်ဖြေပါမလေ။

in voilk •  2 months ago

    အိမ်ခေါင်မိုး ကောင်းကင်ပေါ်မှ တဝေါဝေါ
    အသံများ ယခုတလော ရက်ဆက်ဆိုသလို ကြား
    နေရသည်။ တောင်မှ မြောက်သို့ ပျံသန်းသွားသော
    လေယာဉ်များက အမျိုးအစား စုံလှသည်။
    အသံအကျယ်ကြီးဖြင့် မြည်သည့် တိုက်လေယာဉ်၊
    အသံကျယ်စွာဖြင့် မချိမဆန့် ရုန်းကန်အော်သံ
    ဖြင့် ကုန်တင်လေယာဉ်၊ တဝေါဝေါဖြင့်မြည်ကာ
    ကြီးမားသော ကိုယ်ထည်ရှိသည့် လူစီးလေယာဉ်
    များက ကျွန်တော်တို့ခြံပေါ်မှနေ၍ ဝဲပျံသန်း
    သွားကြသည်။

    တောင်မှ မြောက်သို့ ပျံသန်းသွားသော
    လေယာဉ်အများစုက ဗန်းမော်မြို့သို့လား။
    ကျွန်တော်တို့ မန္တလေးမြို့အနီး မြောက်ဖက်မှာ
    ရှိသော မတ္တရာမြို့သို့ ပျံသန်းသွားကြ
    သလားမသိပါ။ သေချာသည်က ထိုတိုက်လေယာဉ်
    များ ပျံသန်းသွားသည့် ဒေသများမှာ အတိဒုက္ခ
    ရောက်ရှာကြပေမည်။

    အိမ်ခေါင်မိုးပေါ်မှ ပျံသန်းသွားသော
    လေယာဉ်အသံများကို ကြားရင်း ကျွန်တော်သည်
    ဖုန်းကလိနေမိသည်။ ပီအိုင်ဆိုသော ကွိုင်းတခုကို
    တူးလာသည်မှာ လေးနှစ်ကျော် ငါးနှစ်ခန့်ရှိသည်။
    ထိုပီအိုင်သည် ရက်နှစ်ဆယ်က အိပ်ချိန်များပေါ်သို့
    ရောက်ရှိလာသည်။ အိပ်ချိန်များပေါ်သို့ မရောက်မီ
    ပီအိုင်ဈေးကို အမျိုးမျိုး ခန့်မှန်းကြသည်။

    တစ်ပီအိုင်ကို မြန်မာငွေ ကျပ်တစ်သောင်းထိ
    ပေးဝယ်သူများရှိသည်ဟုသိရသည်။ ကျွန်တော်မှာ
    တော့ ထုံးစံအတိုင်း နောက်ကောက်ကျသူဖြစ်
    သည်။ ယခုထိ ပီအိုင်မှာ ကေဝိုင်စီ မအောင်‌သေး
    သဖြင့် ပီအိုင်ဈေးနှုန်းကို ဒီအတိုင်း သွားရည်ယို
    နေရသည်။ အိပ်ချိန်ပေါ်ရောက်လာသော ပီအိုင်
    ဈေးသည်က သုံးဒေါ်လာဆိုလား သေချာမသိပါ။
    ယခုအခါမှာတော့ ပြားငါးဆယ်သို့ ရောက်ရှိသွား
    သည်ဟု သိရသည်။

    လေးငါးနှစ်ခန့် နှိပ်လာသော ပီအိုင်သည်ပင်
    ပြားငါးဆယ်သို့ ရောက်ရှိသည်။ ကျွန်တော်တို့၏
    Hive သည်က တစ်ဒေါ်လာသို့ မရောင်နိုင်သေးပေ။
    မည်သည့်ကြောင့်များ ဖြစ်နေသည်ကို မသိရပေ။
    ကိုယ်တွေက Hive ဈေး သုံးဒေါ်လာ၊ ဒေါ်လာ
    သုံးဆယ်ဖြစ်စေချင်သည်။ ယခုဖြစ်နေသော
    Hive ဈေးသည်က သုံးဆယ့်သုံးပြား ဆိုတော့။
    နည်းနည်း နီးစပ်လာသည့်သဘောဟု တွေးရင်း
    ကိုယ်သာ Hive စိတ်ဖြေပါမလေ ဆိုသလိုမျိုပါလေ။

    @htwegyi
    February 22, 2025

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!