နယ်စီးမခြား ဘန်းမယ်များလား

in voilk •  2 months ago

    India နဲ့ Philippines တို့ပြီးနောက်မှာ Thai ကလည်း တစခန်းထလာပြန်ပါပြီ။ Thai SEC (Securities and Exchange Commission) ဟာ သူတို့လက်အောက်မှာ မှတ်ပုံမတင်ထားတဲ့ CEX (Centralized Exchange) တွေကို ban တော့မှာဖြစ်ကြောင်း ထုတ်ပြောထားခဲ့ပါတယ်။

    Ban သွားမယ့် CEX စာရင်းကိုလည်း Digital Economy ဝန်ကြီးဌာနဆီ SEC ကနေ မကြာခင်မှာ တင်ပြသွားမှာဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရတာနဲ့ ban တဲ့ အမိန့်ဟာ အသက်ဝင်သွားမှာဖြစ်ပါတယ်။

    လောလောဆယ်မှာတော့ Thai နိုင်ငံသားတွေကို International CEX တွေထဲကနေ asset တွေ ပြန်ထုတ်ယူထားဖို့ ညွှန်ကြားထားသလို ငွေကြေးခဝါချမှုနဲ့ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်မိသွားနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

    SEC အနေနဲ့ CEX တွေ မှတ်ပုံတင်ထား၊ မထားကို SEC Check First App နဲ့ စစ်ဆေးကြဖို့ ညွှန်ကြားထားပြီး Binance ဟာ မှတ်ပုံမတင်ထားကြောင်း ပြနေပါတယ်။ Binance အပြင် Coinbase၊ KuCoin၊ Kraken နဲ့ OKX တို့ဟာလည်း Thai နိုင်ငံတွင်းမှာ တရားဝင်လည်ပတ်နေတာမဟုတ်လို့ ban မယ်ဆို အကုန်လုံးအပေါ် အကျိုးသက်ရောက်မှာပါ။

    ဒါကြောင့် Thai ရောက် မြန်မာတွေအနေနဲ့ Binance International ကို သုံးကြမယ်ဆိုရင် သတင်းအခြေအနေကို နားစွင့်နေကြဖို့ လိုအပ်ပြီး VPN ကျော်သုံးကြဖို့အတွက်ကို ပြင်ဆင်ထားသင့်ပါတယ်။ လက်ရှိမှာ India ရော၊ Philippines ရောက CEX တွေနဲ့ ပြဿနာတက်နေတာကြောင့် Indo VPN server ဒါမှမဟုတ် Vietnam server တစ်ခုကို IP address အသေထားပြီး သုံးလို့တော့ ရနိုင်ပါတယ်။

    Reference Link: https://www.binance.com/en/square/post/7110857879394

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!