ဘိုင်းနန့်စ် လည်း ဒုက္ခ

in voilk •  3 months ago

    Binance နဲ့ Nigeria အစိုးရတို့ကြားက ကိစ္စဟာ အခုချိန်ထိ မပြီးနိုင်သေးပါဘူး။ Binance ဟာ Nigeria နိုင်ငံတွင်းက နိုင်ငံခြားငွေကြေးဈေးကွက်ကို မတည်မငြိမ်ဖြစ်အောင် လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး ငွေကြေးခဝါချ၊ အခွန်ရှောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲထားပြီးတော့ Binance Nigeria ရဲ့ အကြီးတန်းအရာရှိတစ်ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

    တကယ်တမ်းတော့ 2 ဦးကို ဖမ်းဆီးထားတာဖြစ်ပေမယ့် 1 ဦးက ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ကျန် 1 ဦးဖြစ်တဲ့ Tigran Gambarnyan ကတော့ အကျဉ်းထောင်ထဲ ပို့ခံထားရပါတယ်။
    May လ 17 ရက်နေ့မှာတော့ Gambarnyan ကို စွဲချက်တင်ထားတဲ့ အခွန်ရှောင်မှုတွေနဲ့အတူ Binance ရဲ့ မှုတွေအတွက်ကိုပါ ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီးတော့ ဒဏ်ငွေတွေဆောင်ကောင်းဆောင်ရနိုင်ပါတယ်။

    Nigeria အမှုမတိုင်ခင်မှာလည်း Binance ဟာ CEO ဟောင်း CZ ရဲ့ အမှုအတွက်ကိုး ပြင်ဆင်ရဦးမှာဖြစ်ပြီး April လ 30 ရက်နေ့မှာ CZ အတွက် US တရားရုံးကနေ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။

    အနည်းဆုံးထောင်ဒဏ် 18 လ ချမှတ်ခံရနိုင်ကြောင်း ခန့်မှန်းထားကြပေမယ့် Binance co-founder ဖြစ်တဲ့ Yi He ကတော့ CZ အမှုအအခြေအနေကောင်းကြောင်း ဆိုထားပါတယ်။

    ဒါပေမယ့် April လ 30 ရက်နေ့ဝန်းကျင်မှာ Binance ရဲ့ native token ဖြစ်တဲ့ BNB ဈေးတွေ အလှုပ်အခတ်ကြမ်းနိုင်တာကြောင့် trader တွေအနေနဲ့ သတိထား trade ကြဖို့ လိုအပ်ပါတယ်။

    Reference Link: https://bitcoinist.com/nigerian-court-adjourns-binance-tax-trial-to-may-17/

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!