My Cleanplanet activities for Super Sunday. (10-3-2024)

in voilk •  4 months ago

    I am every Sunday
    Garbage from around the house
    Collected.
    Today (10-3-2024) is Sunday
    Nineteen times garbage collection
    is.

    20240310_165424.jpg

    20240310_165420.jpg

    ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
    အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
    ကောက်ယူပါသည်။
    ယနေ့ (10-3-2024) တနင်္ဂနွေနေ့သည်
    ဆယ့်‌‌ကိုးကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
    ဖြစ်သည်။

    ယနေ့ ပိုစ့်တင်နောက်ကျသည်။
    နောက်ကျရသည့် အကြောင်းရင်းမှာ
    မြို့ပြင်သို့ ခရီးတိုထွက်ခြင်းဖြစ်သည်။
    ထိုခရီးကို အချို့က အပမ်းဖြေခရီးထွက်သည်
    ဟုပြောသည်။ အချို့က ပျော်ပွဲစားထွက်သည်
    ဟုလည်း ဆိုကြသေးသည်။

    20240310_165600.jpg

    20240310_165556.jpg

    20240310_165616.jpg

    ကျွန်တော့်အတွက်တော့ ထိုခရီးသည်
    အပမ်းလည်း မပြေပါ။ အပမ်းမပြေသည့်အပြင်
    ပင်ပမ်းလာခဲ့ပါသေးသည်။ ပျော်ပွဲစားဟု
    ဆိုပါမူ ကိုယ့်ရိက္ခာ ကိုယ်သယ်ယူ၍ ပျော်ပွဲ
    စားပါက တော်ပေသေးသည်။ ထိုနေရာမှ
    အစားအသောက်များကို ဝယ်ယူစားပါမူ
    ပျော်ပွဲဖြစ်နိုင်ဖို့ မသေချာပေ။

    အထူးသဖြင့် ထိုအပမ်းဖြေဖို့၊ ပျော်ဖို့ ပြုလုပ်ထားသောနေရာတွင် အမှိုက်တောင်းများကို
    မတွေ့ခဲ့ရပေ။ လူများ စာသောက်ပြီးသည့်
    စွန့်ပစ် ပစ္စည်းများကို ပစ်စရာ နေရာ မရှိသည်က
    ဆိုးပေစွ။ အချိန်ကြာလာသည်နှင့် ထိုနေရာတွင်
    အမှိုက်များ စုပုံလာပေအုံးတော့မည်။
    ထိုနေရာအ‌ကြောင်းကို နောက်လာမည့်
    ပိုစ့်တွင် ရေးသားတင်ပြပေးပါမည်။

    @htwegyi
    March 10, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!