လူငယ်(သိူ့)အနာဂါတ်၏မျှော်လင့်ချက်

in voilk •  4 months ago

    လူငယ်တဲ့စကားလုံးလေး၂လုံးပါပဲ။သို့သော်လည်းပေါ့ပေါ့တန်တန်လျစ်လျူရှူ၍မရပေ။မိမိတို့နိုင်ငံ မိမိတ်ု့၏အနာ
    ဂါတ်ပင်ဖြစ်သည်။
    ယနေ့ခေတ်လူငယ်တို့၏အတွေးအခေါ် ခံယူချက်သည် မိမိတို့ခေတ်နှင့်ယှဉ်လျှင်ပင်ခြားနားပေသည်။တနေ့ကfacebook၌ လူငယ်တို့၏ဗုဒ္ဓဘာသာနှင့် သိပံ္ပပညာအကြောင်းဆွေးနွေးထားသည့် videoအတိုလေး
    အားကြည့်လိုက်ရသည်။အားရကျေနပ်စရာကောင်းလှ
    ပေသည်။ထိုကဲ့သို့သော လူငယ်များ၏လက်ထဲမိမိနိုင်ငံ
    ထည့်ခဲ့ရသည်မှာအနာဂတ်မျိုးဆက်အတွက်အားရစရာ
    ပင်ကောင်းလှပေသည်။
    တဆက်တည်းတွေးမိသည်အားအညွန့်တလူလူတက်နေ
    သညိ့ လူငယ်တို့၏တိုးတက်မှူအားဖျက်လိုဖျက်ဆီးလုပ်
    နေသည်မှာဤနိုင်ငံ၏ရှေးရိုးစွဲအယူအဆအတွေးအခေါ်
    များနှင့်လူကြီးများပင်ဖြစ်ပေသည်။
    မိမိတို့နိုင်ငံ၏ပညာရေးစနစ်သည် လွတ်လပ်စွာတွေးခေါ်
    တင်ပြနိုင်မှူကိုပိတ်ပင်ထားပြီး အလွတ်ကျက်ပညာရေး
    စနစ်ပင်ဖြစ်သည်။ကျောင်းပညာရေးသည်သာမက မိဘနှင့်
    သားသမီးဆက်ဆံရေးစသည့်လူမှူအသိုင်းအဝိုင်း၌ ရှိနေ
    သည့်ဓလေ့ထုံးတမ်းစဉ်လာများသည်လည်း ထိုကဲ့သို့ပင်
    ဖြစ်သည်။
    မိဘဘာပြောပြောငြိမ်၍နားထောင်ဟုဆိုတာမျိုးဖြစ်ပေ
    သည်။ဤသည်မှာလွဲမှားသောအယူအဆဟုမိမိထင်မြင်
    မိသည်။ကလေးငယ်များ၏ရင်ထဲဘာရှိသည်။ သူဘာပြော
    ချင်နေသည်ကို လူကြီးမှပြောခွင့်ပေးသင့်သည်။
    သို့မှသာဤကလေးရင်ထဲ၌ ဘာဖြစ်ချင်နေသည်။သူ
    ဘာပြောချင်နေသည်ကိုသိမြင်နိုင်ပေမည်။တချို့သောကိစ္စ
    များ၌လည်းလူကြီးများကလူငယ်များကိုနေရာမပေး၊
    လုပ်ပိုင်ခွင့်မပေးသည်ကိုတွေ့မြင်ရပေသည်။
    ထိုကဲ့သို့သောပိတ်ပင်မှူမျိုးသည် လူငယ်တို့၏အနာဂတ်
    လုပ်ကိုင်နိုင်စွမ်းကိုရိုက်ချိုးသကဲ့သို့ပင်ဖြစ်နေသည်။
    မိမိငယ်စဉ်ကမိမိဖခင်သည်မိမိအားမိသားစု၏စီးပွားရေး
    နှင့်တခြားအရေးကိစ္စများအားပြောပြပြီး အရေးတယူ
    မိမိ၏ထင်မြင်ချက်ကိုမေးလေ့ရှိသည်။ကလေးနှင့်မဆိုင်
    ပါဘူးဟု ပစ်ထားလေ့မရှိပေ။
    စာဖတ်ခြင်းအလေ့အကျင့်ကိုလည်းအသက်၂နှစ်မှပင်
    မွေးမြူပေးခဲ့သည်။ မိမိပြောသည့်စကားများကိုလည်း
    အရေးတယူနားထောင်၍ သူငယ်ချင်းတယောက်ပမာ
    ပြောဆိုဆွေးနွေးပေးလေ့ရှိသည်။
    ထို့ကြောင့်ငယ်ငယ်ရွယ်ရွယ်နှင့်မိဘမဲ့ဖြစ်လာသော်လည်း
    လူ့လောက၌ ကြံ့ကြံခံပြီးမပြိုလဲမယိုင်နဲ့အောင်ရပ်တည်နိုင်
    ခဲ့ခြင်းဖြစိသည်။
    ထို့ကြောင့်နောက်ဆုံးတိုတိုတုတ်တုတ်ဖြင့်နိဂုံးချုပ်ပေးချင်
    သည့်စကားသည်ကားအနာဂါတ်အတွက်လူငယ်များကို
    နေရာပေးပါ။လူရာသွင်းပါဟုပြောရင်းနိဂုံးချုပ်လိုက်ရပါ
    တော့သည်။
    Photo credited from google.

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!