ပန်းများ နှင့် ညည်းတွား

in voilk •  3 months ago

    မင်္ဂလာပါ။

    ရင်ထဲမှာ ပန်းတွေ ပွင့်ဝေမနေပါဘူး။
    ဒီရာသီကတော့ မြေပြင်မှာတောင် ပန်းပွင့်ဖို့ မလွယ်လှပါဘူး။
    ပူတယ် ပူတယ်။

    စစ်ဘေးဒုက္ခရောက်နေကြသူတွေကို ခဏ မေ့ထားပြီး ကိုယ့်အပူပဲ ညည်းပြရဦးမယ်။
    စာရေးချင်စိတ်က ပျက်နေတယ်။
    မီးက ပျက်နေချိန်က များတယ်။
    အင်တာနက်လိုင်းက ကျနေတာများပြန်ရော။
    နေပူရင် ဖုန်းပူတယ်။ အားသွင်းလို့ မရလောက်အောင် ပူတယ်။
    ဖုန်းအားရှိလို့ လိုင်းဖွင့်ကြည့်တော့ အဝိုင်းပဲလည်နေတယ်။
    ခရစ်တိုကာရမ်စီ ဂိမ်းမီး ယူကျု ကုန်ကြမ်းရှာဖို့ လိုင်းပေါ်မှာ လေ့လာချိန် မရ၊ လေ့လာဖို့ လိုင်းကမရ။
    ဖုန်းပူကြီး လက်က ကိုင်ထားရတာ အချိန်တွေ ကုန်ပါတယ်။

    ဘဝက ထမင်းတောင် အချိန်မှန် မစားနိုင်ဘူး။
    မီးမလာတော့ အချိန်မှန် မချက်ရဘူးလေ။
    ကဲ ဒီရက်ပတ် ကျုပ်မယ်တော့ ပို့စ်တင်ရက်တွေ ပျက်ကုန်ပြီ။

    ဒီနေ့တော့ မဖြစ်ချေဘူး ဆိုပြီး ဒီမှာ လာညည်းပြရတာပါပဲ။
    ဒီနေ့တော့ အညည်းပို့စ်ပါ။
    သို့ပေသော်ငြား ညည်းညူတာကြား စိတ်ပျက်မသွားဖို့ ပန်းအလှလေးတွေ ပြပေးလိုက်ပါတယ်။
    မနှစ်က ပြင်ဦးလွင် ရောက်တုန်း ပိတ်ချင်းမြောင်ရေတံခွန်မှာ ရိုက်ယူထားတဲ့ ပန်းအမှတ်တရပုံများပါ။

    မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

    @golden.future

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!