ကျွန်တော်၏ဗေဒင်အမြင် My astrological view

in voilk •  5 months ago

    ကျွန်တော်ရဲ့ဗေဒင်အတွေ့အကြုံလေးတွေပြောပြပါရစေ။ လူတွေက "ဗေဒင်ဆရာ" လို့ပြောလိုက်ရင် ကြည့်လာတဲ့မျက်လုံးတွေမှာ အဓိပ္ပါယ်အများကြီးဖြစ်နေတတ်ပါတယ်။ ဒါကလူတွေရဲ့အပြစ်မဟုတ်ဘူး။ အချို့သောဆရာများရဲ့လုပ်ဆောင်ချက်တွေကြောင့်ဖြစ်ပါတယ်။

    Let me tell you my astrology experience. When people say "astrologer", it often means a lot in the eyes of the beholder. This is not people's fault. It happened because of the actions of some teachers.

    အမှန်တကယ် ဗေဒင်ပညာကို သိလာရင် စိတ်ဝင်စားစရာတွေ အများကြီးဖြစ်လာမှာပါ။ ကျွန်တော်တို့နေထိုင်တဲ့ မြန်မာနိုင်ငံကြီးမှာ ဗေဒင်ပညာများစွာရှိပါတယ်။ ဥပမာ နက္ခတ်ဗေဒင်၊ မဟာဘုတ်၊ ဆန်းပညာ၊ တာရော့၊ ဖုန်းရွှေ အစရှိသော ဗေဒင်ပညာတွေအများကြီးပါ။
    A lot of interesting things will happen if you get to know the real science of astrology. Myanmar, where we live, has a lot of astrology. For example, astrology, maha book, sun educate, Tarot, Feng Shui, alot of astrology and so on.

    ကျွန်တော်လေ့လာနေသော နက္ခတ်ပညာကို မျှဝေပေးချင်ပါတယ်။ နက္ခတ်ပညာလို့ ပြောလိုက်ရင် မိဿ၊ ပြိဿ၊ စသည်ဖြင့်သိကြပါတယ်။ အမှန်တကယ်က နက္ခတ်ပညာရပ်သည် လူတွေ၏ မွေးဖွားချိန်၊ မွေးဖွားရာနေရာ၊ ရက်၊ လ၊ နှစ်၊ စသည်တို့အပေါ်မူတည်၍တွက်ချက်ရသောပညာရပ်ဖြစ်ပါသည်။
    I would like to share the astrology that I am studying. When it comes to astrology, you know Aries, Taurus, etc. In fact, astrology is based on people's time of birth, place of birth, Day, Month, Year, it is a science that has to be calculated based on etc.

    ကျွန်တော်လေ့လာတာက ဇာတာတွက်ယူခြင်းပါ။ ဇာတာတွက်ထုတ်ရာမှာ ၂မျိုးကွဲနေပါသေးတယ်။ တစ်ခုက မွေးတဲ့အချိန်ပေါ်မူတည်ပြီးတွက်ယူတဲ့ မွေးဇာတာ နဲ့ လူတစ်ဦးကို တွေ့တဲ့အချိန်ပေါ်မူတည်ပြီးတွက်ယူတဲ့ ဟူးရားဇာတာ ဆိုပြီးကွဲပြားပါသေးတယ်။
    What I study is horoscope calculation. There are still 2 types of horoscope, which is caculcted based on the time of birth, and the Hura horoscope, which is caculated based on the time of meeting a pweson.

    ကျွန်တော်က ဇာတာတွက်ရတဲ့နှစ်မျိုးလုံးကိုစိတ်ဝင်စားတယ်။ ဘာလို့လဲ လို့ပြောရင် လူတွေရဲ့ဖြစ်တည်မှုတွေ၊ ဖြတ်သန်းရပုံတွေ၊ ရှေ့အနာဂါတ်မှာဖြစ်လာမဲ့အကြောင်းအရာတွေကို လေ့လာခွင့်ရလို့ပါပဲ။ ကျွန်တော်တို့ ကိုးကွယ်တဲ့ဗုဒ္ဓဘာသာမှာ "ကံ ကံ၏အကျိုး" ကိုယုံကြည်ကြပါတယ်။ အမှန် လူတစ်ယောက်မှာ ကံကသတ်မှတ်ချက်ပေးပြီးသားပါ။ လူတစ်ယောက်ရဲ့ဇာတာကိုကြည့်ရင် ထိုကံများကိုတွေ့မြင်နိုင်ပါတယ်။
    I am interested in both horoscopes. If you say why, people's existence, pictures to go through because I have the opportunity to learn about the things that will happen in the future. In Buddhism, which we worship, we believe in the "benefit of karma". In fact, a person has already been determined by karma. If you look at a person's horoscope, you can see those karmas.

    လူတွေကို ဗေဒင်ကအပြည့်အဝမဖြည့်စည်းပေးနိုင်သလို၊ ဒုက္ခအားလုံးကိုလည်း အကုန်အစင်မဖျောက်ဖျက်နိုင်ပါဘူး။ လူတွေအားလုံး မိမိကိုယ်ပိုင်ဇာတာပေါ် ပါနေတဲ့ကံအတိုင်းသွားကြရာမှာပါ။ ဒါပေမဲ့ ကံမကောင်းတဲ့လူ၊ ဒုက္ခများစွာရှိနေတဲ့လူတွေရဲ့ဇာတာထဲမှာ ကုသိုလ်ကံကောင်းစေဖို့ အကြောင်းအရာတွေပါနေတတ်ပါတယ်။ ဒါကို ဇာတာဖတ်တဲ့ဆရာကပဲ သိနိုင်တာမို့ ဗေဒင်မေးပြီး လှူကြတမ်းကြရင် အလုံးစုံမဟုတ်ပေမဲ့ ကံလေးတော့ ကောင်းလာနိုင်ပါတယ်။
    Astrology can't fill people up completely, you can't erase all the problems. All people must go according to their own desting. But the unfortunate men, the horoscope of people who have a lot of problems has some things to make them good luck. This can only be known by a teacher who reads horoscopes, so if you ask the fortune teller and make a donation, you may get good luck, although not all of it.

    ဒီအကြောင်းအရာတွေက ဗေဒင်နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေပါ။ ဒီထက် စိတ်ဝင်စားရတဲ့ အကြောင်းအရာတွေကို ကျွန်တော် နောက်ရက်တွေမှာ ပြောပြပေးသွားပါ့မယ်။ လူတိုင်း သိနားလည်နိုင်တဲ့ အထိ ပြောပြပေးသွားပါ့မယ်။

    These topics are related to astrology. I will take about more interesting topics in the next few days. I will explain it until everyone can understand it.

    ကျွန်တော်နဲ့ သိသူ မသိသူ မိတ်ဆွေအားလုံး "ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ" လို့ ဆုတောင်းလျက်ပါ။ မင်းဇော်

    All my friends, whether they know or don't know, are praying for "good health and happiness". Min Zaw

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!