ရေးစရာ ရှိတာ ရေး

in voilk •  2 months ago

    Hive ဈေးလေး မဆိုးနေလို့ ပိုစ့်တင် မပျက်ရအောင် ဂရုစိုက်နေမှပဲ တရက်သားက ပိုစ့် မတင် ဖြစ်လိုက်ပေ။ ကျနော်တို့ အသင်း ရှုံးထွက်ပွဲစဉ် ကစားရသည့် နေ့က ဖြစ်၏။ ပွဲက မနက် 9 နာရီဖြစ်၏။ ပြည်နယ်ကွင်းက အိမ်နဲ့ သိပ်မဝေးပေ။ 15 မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်၏။ ဆိုင်ကယ် စိတ်မချသဖြင့် ပွဲရှိသည့် နေ့ရက်တိုင်း လမ်းလျှောက်၍သာ သွား၏။ ဆိုင်ကယ် ယူသွားရင် စိတ်ပူနေရတာနဲ့ ပွဲကို သေချာအာရုံစိုက်ပြီး ကစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လမ်းလျှောက်သာ သွား၏။

    ပွဲချိန်ထက် တနာရီစောပြီး ကျနော်တို့ ဆုံလေ့ရှိ၏။ သွေးပူနှင့် အပေါ့စားလေ့ကျင့်ခန်းများ လုပ်ကြ၏။ ပွဲကန်ချိန် အဆင်သင့် ဖြစ်နေအောင်ပေါ့။ ရှုံးထွက်ပွဲစဉ်က မနက် 9 နာရီဆိုတော့ 8 နာရီ ဆုံကြ၏။ မနက်ကို 7 နာရီလောက် နှိုးစက် ပေးထား၏။ ပွဲကန်ပြီးတော့ ရေချိုး ထို့နောက် နောက်ထပ် အသင်းတွေ၏ ပွဲစဉ်ကို အားပေး၏။ 12 နာရီလောက်မှာတော့ နေ့လည်စာ စားရင်း ကိုယ်တွေ၏ ပွဲစဉ် အခြေအနေ လိုအပ်ချက် အားသာချက်၊ အားနည်းချက်များကို တိုင်ပင် ပြောဆို ဖြစ်ကြ၏။

    စကားတွေက အရှိန်ကောင်းနေတာနဲ့ သူငယ်ချင်း တယောက် အိမ်မှာ ညနေဖက် ထပ်ဆုံကြဖို့ ချိန်းလိုက်ကြ၏။ အသင်း၏ 7 နှစ်ပြည့် အမှတ်တရပွဲလည်း နီးလာပြီမို့ ထိုကိစ္စကိုပါ တိုင်ပင်ဖို့ပေါ့။ သို့နှင့် ထိုနေ့က စာရေးချိန် မရလိုက်ပေ။ ပိုစ့်လည်း မတင်လိုက်ရပေ။ တလောက ပိုစ့်တင် ပျက်ကွက်ခဲ့ချိန်မှာ စာကို တရက်ကြိုရေးထားဖို့ လုပ်ထား၏။ နက်ဖြန် အတွက် ခု ည ကတည်းက သို့မဟုတ် နောက်ရက် မနက်ခင်းမှာ ရေးတာမျိုး ဖြစ်ဖြစ်ပေါ့။ ဖြစ်ချင်တော့ မနက်ခင်း အစော ထရမှာမို့ ညက အစောအိပ်လိုက်၏။ မနက်ရောက်ပြန်တော့ ပွဲကစားဖို့ ဘာညာ လုပ်နေရတာနဲ့ စာမရေး လိုက်ရခြင်း ဖြစ်၏။ ဒါနဲ့ပဲ ပိုစ့် မတင် လိုက်ရခြင်း ဖြစ်၏။

    ရယ်ရတာက Hive ဈေးနည်းနေတုန်းက ပိုစ့်တင် မပျက်ခဲ့ဘဲ ဈေးကောင်းနေခါမှ ပိုစ့်တင်ဖို့ ပျက်ကွက်နေခြင်း ဖြစ်၏။ တရက်စာ နစ်နာလှ၏။ ဈေးကောင်းနေတော့ English လိုရေးပြီး Community အကြီးကြီးတွေမှာ သွားမတင်ဖြစ်ဘဲ Myanmar Community မှာပဲ တင်ရင်တောင် စုစုပေါင်း vote က 1$ ကျော်လောက်ရလေ့ ရှိ၏။ ဒါတောင် ကိုယ်တွေ Myanmar Community က power အများကြီး ရှိသူ သိပ်မရှိသေးလို့သာ။ power အများကြီးရှိသည့်သူ ၁၀ ယောက်လောက်ရှိရင်ကိုပဲ အတော် ဟုတ်ပေလိမ့်မည်။

    မည်သို့ပင် ဆိုစေကာမူ ရေးနေကြ လူအနည်းစု ဆက်လက်ရေးသားနေကြတာလေးကိုပဲ ကျေးဇူးတင်ရပေလိမ့်မည်။ သူလည်း ရေးနေတယ်၊ ငါလည်း ရေးမယ်ဟနဲ့ အချင်းချင်း အပြန်အလှန် အားပေးရင်း ပိုစ့်လေး တင်ဖြစ်နေကြခြင်း ဖြစ်၏။ ခုတကြိမ် ဈေးကောင်းလာမှု နှင့်အတူ ထပ်မံ၍သာ ဈေးထပ်တက်ပြီး 1$ အထက်မှာ ရပ်တည်နေဖို့ မျှော်လင့်မိ၏။ 1$ ကနေ 10$ မှာသည် နောက်ထပ် ကိန်းဂဏန်း ပမာဏတွေထိ ကြီးထွား တိုးတက်နိုင်ပါစေကြောင်း မျှော်လင့်မိပါ၏။

    အားလုံးပဲ နေ့စဉ် ပိုစ့်တင်ပြီး အကျိုးအမြတ် ရယူနိုင်ကြပါစေ။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!