စိမ်းစိမ်း ညို့ညို့ မို့မို့ Hive.

in voilk •  4 months ago

    ကျွန်တော်သည် Trade ခြင်းကို ဟိုကနေကလိ၊
    ဒီကနေကလိ ကလိနေမိကြောင်း ယခင်ပိုစ့်မှာ
    ရေးထားပါသည်။ ယနေ့တော့ Hive ဈေးကို
    ဝင်ကြည့်မိသည်။ မနေ့ကတည်းက အစိမ်းရောင်သန်း
    နေ သော Hive သည် ယနေ့မှာလည်း
    ဆက်လက်အောင်ပွဲခံနေသည်။ ကျွန်တော်
    ကြည့်နေစဉ် ပြားငါးဆယ်ကို အနည်းငယ်ကျော်နေသည်။

    ထိုသို့ Hive ဈေးပြားငါးဆယ်သို့ ရောက်ရှိသဖြင့်
    ကျွန်တော်ရောင်းထားသည့် 20 Hive ကိုသတိရ
    သည်။ 20 Hive ရောင်းစဉ်က ဟိုက်ဈေးသည်
    ပြားလေးဆယ်ကျော်ခန့်သာရှိသည်။ ဒီတော့
    ဆယ်ဒေါ်လာမှ အရောင်းအဝယ်လုပ်၍ရသည်။
    Hive ဈေးပြားငါးဆယ်သို့ ရောက်ချိန်မှာ
    ရောင်းချရန်အတွက် နောက်ထပ် 5Hive
    ထပ်မံလွှဲ၍ ရောင်းခိုင်းရသည်။

    ကျွန်တော် Trader ကြီးလုပ်၍
    အရောင်းအဝယ်မှာ အင်မတန်ကို အကျိုးပေးတာ။
    ကိုယ်တွေ ရောင်းပြီးပြီးချင်းမှာ Hive ဈေးသည်က
    ပြားငါးဆယ်မှ ပြားခြောက်ဆယ်သို့ ရောက်ရှိ
    သွားသည်။ အဲ့သိလို Trader အကျိုးပေးသူကြီး
    ပါဆို။

    ဟိုက်ဈေးပြားငါးဆယ်သို့ မရောက်မီက
    Binance မှာ ကလိခဲ့သည်။ Binance မှာ
    ဟိုက်ဈေး ပြားလေးဆယ်ရှိစဉ် 45 Hive ကို
    ရောင်းချထားသည်။ ဒီတော့ ကိုယ်ရဲ့ ပိုက်ဆံ
    အိတ်ကလေးမှာ ဒေါ်လာနှစ်ဆယ်ခန့်ရှိသည်။
    ထိုဒေါ်လာနှစ်ဆယ်ကို Hive ဈေးပြန်ကျပါက
    ဝယ်ထားဖို့စိတ်ကူးသည်။ ကိုယ်တွေ ဟိုက်ရောင်းစဉ်က
    လေးဆယ့်သုံးပြား‌ ဈေးဖြစ်သည်။
    ဒီတခါဟိုက်ဈေး သုံးဆယ့်သုံးပြားကျပါရင်
    ပြန်ဝယ်မည်ဟု စိတ်ကူးထသည်။

    ကိုယ်တွေစိတ်ကူးမှ Hive ဈေးသည် သုံးဆယ့်
    ငါးပြားမှ အောက်သို့ မဆင်းတော့ပဲ အထက်သို့
    တက်သွားသည်။ ယခုအခါ ပြားခြောက်ဆယ်
    သို့ပင် ရောက်ရှိသွားပေသည်။ ဟိုက်ဈေး
    ပြားလေးဆယ်အတွင်း တဝဲဝဲလည်နေစဉ်
    အဲ့မှာ Traderလုပ်သူ ကျွန်တော်သည်
    BIO ဟုခေါ်သော အရာကို ဝယ်ယူခဲ့သည်။

    ထို BIO ကို ဆယ်ဒေါ်လာဖိုးဝယ်ယူသည်။
    ဝယ်ယူပြီးပစ်ထားရပေအုံးမည်။ ထို BIO
    သည်က ကျန်းမာရေးနှင့် ဆေးပညာရပ်များကို
    ပြုစုနေသည့် အဖွဲ့အစည်းမှ ထုတ်လုပ်ထားသည်
    ဟုသိရသည်။ နောက်တချိန် မည်မျှထိဈေး
    တက်မည်ကို မသိပါ။ ဆယ်ဒေါ်လာဖိုးဝယ်ယူ၍
    ဒေါ်လာတသောင်းဖိုး အိပ်မက် မက်ရပါအုံးမည်။

    ယခုတော့ အစိမ်းရောင်သန်းနေသော ကျွန်တော်တို့
    ၏ အချစ်တော် Hive မင်းသားကြီးကို သွား၍
    အားပေးရပါအုံးမည်။ ပြားခြောက်ဆယ်သို့
    ရောက်ရှိနေသည့် Hive ဈေးကြောင့် ကျွန်တော်
    တို့၏ Hive ပလက်ဖောင်းကြီးသည် ပြန်လည်
    စည်ကားလာ လေမလား။ ရင်ခုန် စိတ်လှုပ်ရှားစရာ
    များကို ယူဆောင်လာသော 2025 ၏ နှစ်ဦး
    အစက စိမ်းစိမ်းညို့ညို့ မို့မို့မှာ တို့တို့ ပြီး ပိုစ့်တင်
    စာရေးကြပါစို့လား ဗျာ တို့ ရေ။

    @htwegyi
    January 5, 2025

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!