Congratulations Real Madrid

in voilk •  2 months ago

    မနေ့က EPL Round 36 ပွဲစဉ်တွေမှာ ဇယားထိပ်က Arsenal ကော Man City ကော ပြိုင်ဘက်တွေကို အသီးသီး အနိုင်ရခဲ့ပါတယ်။ Arsenal က Bournemouth ကို 3-0 ဖြင့်၊ Man City က Wolves ကို 5-1 ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့ကြပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် ည 10 နာရီမှာတော့ အဆင့် 3 နေရာက Liverpool နှင့် အဆင့် 5 နေရာက Tottenham တို့ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ ရှုံးပွဲဆက်နေတဲ့ Tottenham တို့ Liverpool နှင့် ထပ်မံ ရင်ဆိုင်ရတာကတော့ နောက်ထပ် အိပ်မက်ဆိုးတခုလို့ပဲ ပြောရလေ မလား။ အဆိုပါ အိပ်မက်ဆိုးကနေ Tottenham တို့ ရုန်းထနိုင်မလားကတော့ စိတ်ဝင်စားစွာဖြင့် ဆက်လက် စောင့်ကြည့်ရပေလိမ့်ဦးမည်။

    United ပွဲစဉ်ကတော့ အင်္ဂါနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ ကစားသွားမှာ ဖြစ်ပါတယ်။ Crystal Palace နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ United အတွက်တော့ နိုင်နိုင်၊ ရှုံးရှုံး သိပ်တော့လည်း မထူးတော့ပေ။ အားသာ ပေးနေရတယ် စိတ်လို လက်ရ ကျေနပ် အားရနေတာမျိုးလည်း မရှိလှတော့ပေ။ FA ဖလား မရတောင် နောက်ရာသီအထိ Ten Hag ရာထူးမှာ မြဲနေလိမ့်မည်ဟု သတင်းတွေကတော့ ဆိုကြ၏။ ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲကတော့ စောင့်ကြည့်ရုံသာ။

    သို့ပေမယ့် ဒီနေ့မှာ United အမျိုးသမီးပွဲစဉ်တော့ ရှိ၏။ မြန်မာစံတော်ချိန် ည 7 နာရီခွဲမှာ Liverpool အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။ နှစ်သင်းလုံး အတွက် ထူးထွေ မျှော်လင့်စရာ မရှိတော့ပေ။ ရမှတ် 35 မှတ်စီဖြင့် ဂိုးကွာခြားချက်ကြောင့် United က အဆင့် 4, Liverpool က အဆင့် 5 မှာ ရပ်တည်နေ၏။ အဆင့် ပြောင်းလဲမှု ရှိမရှိကတော့ ဒီည ပွဲစဉ် အပြီးမှာ သိရမည် ဖြစ်၏။

    England Championship ပွဲစဉ်တွေကတော့ ကစားလို့ ပြီးသွားခဲ့ပြီ။ ချန်ပီယံ၊ အဆင့် 2,3 အပြောင်းအလဲ မရှိဘဲ ပြီးသွားခဲ့၏။ ချန်ပီယံ Leicester ကတော့ နောက်ဆုံးပိတ်ပွဲကို အရှုံးနဲ့ အပြီးသတ်ပြီး ဖလား ယူသွားခဲ့၏။ Leeds, Southampton, West Brom, Norwich တို့ 4 သင်းကတော့ တန်းတက်ခွင့် လက်ကျန် တနေရာစာကို playoff ကစားကြရမည် ဖြစ်၏။

    စပိန် လာဂီဂါမှာတော့ Real Madrid တို့ ချန်ပီယံ ဖြစ်သွားခဲ့ပြီ ဖြစ်၏။ Real Madrid က 34 ပွဲ ကစားပြီး 87 မှတ်ဖြင့် အဆင့် 1, 34 ပွဲ ကစားပြီး 74 ဖြင့် Girona က အဆင့် 2 နေရာမှာ ရပ်တည်နေ၏။ လက်ကျန် 4 ပွဲမှာ 12 သာ အများဆုံး ရနိုင်တော့တာမို့ ခုက 13 မှတ် ပြတ်နေသည့် အနေအထားဆိုတော့ Real Madrid တို့ပဲ ချန်ပီယံ ဖြစ်သွားခဲ့တော့၏။

    (photos from Respective Teams Facebook page)

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!