Let High

in voilk •  4 months ago

    Hive ဈေးလေး တက်လာတော့ လူက နေရထိုင်ရတာ အတော်လေး နေလို့ ကောင်းနေ၏။ ဒါတောင် 0.3$ ကနေ 0.4$ လောက်လေး တက်တာ။ ထိုသို့ မဟုတ်ဘဲ 1 hive ကို 1$ ဆိုလို့ကတော့ မြောက်ကြွ မြောက်ကြွ ဖြစ်နေမည်ထင်၏။ BTC တက်ပြီး အတော်ကြာမှ လိုက်တက်သည့် ဇာတ်လိုက်ကျော်ကြီး hive ပင်။

    အစောပိုင်းကတော့ BTC တက်နေတာတောင် ကိုယ်တွေ မင်းသားကြီးက လိုက်မတက်တော့ အော် အေး မတက်ဘူးလားပေါ့။ နို့ပေမယ့် သိပ်လည်း ထွေထူးတော့ ခံစားမနေပါ။ Hive က အရင်ကတည်းက BTC တက်တက် ကျကျ သူက တက်ချင်မှတက် ကျချင်မှကျသူ မလား။ တခါတလေ ကိုယ်တွေ Hive က crypto ဘိုးအေကြီး BTC နဲ့ ဆန့်ကျင်ဘက်တွေလားဟုပင် ထင်မြင်မိ၏။

    Hive ဈေးလေး တက်လာတော့ အရင်ထက် စာရေး၊ ပိုစ့်တင်လို့ ပိုပြီး ကောင်းလာသလို ခံစားရ၏။ ပိုလည်း တက်ကြွ လာသလိုပင်။ အကြိုက်ဆုံး သဘောကျဆုံးက ကိုယ် vote ပေးရင် ယခင်ထက် များသွားသည့် အချက်ပင်။ ယခင် ဈေးတုန်းက ကိုယ့် လက်ရှိ hive power နဲ့ 100% vote ပေးရင် 0.03$ လောက်သာ ရှိပေမယ့် ခုဈေးတက်ချိန်မှာတော့ 0.05$ လောက် ဖြစ်သွား၏။ စာရေး ပိုစ့်တင်တာမှ မဟုတ်ဘဲ vote ပေးရသည်မှာလည်း ပျော်စရာပင်။

    ပျော်စရာ နည်းနေသည့် ကာလထဲ အထိုက်အလျောက် ပျော်ရွှင်ခွင့်လေး၊ ခဏပဲ ဖြစ်ဖြစ် စိတ်လက် ရွှင်လန်းစေသည့် အတွက် Hive ကို ကျေးဇူး တင်ရပေလိမ့်မည်။ ဈေးတက်ချင်တက် ကျချင်ကျ ရေးရမှာက ကိုယ့်အလုပ် ဆိုပေမယ့်လည်း ခုလိုလေး ဈေးတက်တော့ ရေးရတာ၊ ပိုစ့်တင်ရတာ အားရှိလှ၏။

    တချိန်မှာ လက်ရှိ ရေးနေကြသူတွေရဲ့ နှစ်‌ဆ သို့မဟုတ် သုံးဆ၊ ထပ်ပြီး နောက်တိုးပွားလာသည့်လူတွေရဲ့ နောက်ထပ် နှစ်ဆ သို့မဟုတ် သုံးဆ ရှိလာမယ်၊ hive power တွေလည်း အထိုက်အလျောက် ရှိလာမယ်၊ hive ဈေးကလည်း 1$ အထက်မှာ ရှိနေမယ် ဆိုရင် ကျနော်တို့ မြန်မာ ကွန်မြူနတီကြီးက အတော်လေး စည်စည်ကားကားနှင့် ပျော်စရာကောင်းနေမှာ အသေအချာပင်။

    အားလုံးပဲ အတူတကွ သွားလိုက်ကြရအောင်လား

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!