We did it

in voilk •  2 months ago

    မနေ့က ကျနော် ပိုစ့်တင်ထားသည့် Bybit SpaceS က Round 2 ထပ်စပြန်ပြီ။ ဒီတကြိမ်မှာတော့ ဆုကြေးက ပိုများသွား၏။ USDT 40000 ဖြစ်၏။ Round 1 တုန်းကထက် 4 ဆပိုများ၏။ ကောင်းတာပေါ့။ Round 1 ကောင်းကောင်း မမှီလိုက်သူတွေ အတွက် Round 2 မှာ ထပ်ရနိုင်သေး၏။ Points အတွက်က USDT 18000 ဖြစ်ပြီး Ton holders တွေ အတွက်က USDT 22000 ဖြစ်၏။ ထုံးစံအတိုင်း Ton holders တွေကတော့ ပိုပြီး ရမည် ဖြစ်၏။

    ကိုယ်လည်း ဘာပဲ ပြောပြော Round 1 ထက်စာရင် ပိုရနိုင်တာပေါ့လေ။ တခါတလေတော့လည်း ခုလို ရတဲ့ Project လေးတွေ၊ Bot လေးတွေနဲ့ ကြုံဦးမှပဲ။ Round 2 ကလည်း ခုမှ စတုန်းလေး ဆိုတော့ Round 1 ထက်စာရင် ပိုရမှာ အမှန်ပင်။ ရသလောက်ကတော့ ယူထားဦးမှရယ်။

    Round 2 ကလည်း အစ၊ United ကလည်း မနက်က ကစားခဲ့သည့်ပွဲမှာ အနိုင်ရသွားခဲ့၏။ အပျော်ပေါ် အပျော်ဆင့်ပေါ့။ ဒါတောင် အတော်လေး ကြိုးစား ကန်ခဲ့ရတယ်ဟု ဆိုလို့ရ၏။ နောက်ဆုံး မိနစ်တွေ ရောက်မှ ချေပဂိုး၊ အနိုင်ဂိုးတွေ သွင်းယူ နိုင်ခဲ့လို့သာ။

    Amad က ဒီနေ့ ပွဲမှာ သူရဲကောင်း ဖြစ်သွားခဲ့၏။ Hat-trick တွေ ဘာတွေပါ ယူသွားခဲ့၏။ အရေးအကြောင်းဆို အရေးကြီးသည့်ပွဲဆို သူက ဂိုးသွင်း ပေးနေလို့သာရယ်။ Amad လေး ရှိနေလို့သာ တော်သေးသည်ဟု ဆိုရမည်။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!