ဗေဒင်ဟောကြမယ်။ They will tell fortunes.

in voilk •  3 months ago

    "ဗေဒင် ဟောမည်" ဆိုပါက ဘယ်လိုဟောရမလဲ။ ယခုအပိုင်းတွင် ရာသီခွင်ဖွား ပုံစံဖြင့် ဟောပြောရပုံ ကိုရေးသားပြပါမည်။ ဖော်ပြခဲ့ပြီးသော အကြောင်းအရာများပေါ် အခြေခံ၍ ပြောပြသွားပါမည်။ ဥပမာ အဖြစ် ရာသီခွင်ဖွား တစ်ခုကို ရေးပြပါမည်။ အသေးစိတ် မဟုတ်သော်လည်း အခြေခံကျသော အချက်များကို ဖော်ပြပါမည်။ ကရကဋ်ရာသီဖွား ကိုအခြေခံ ၍ရေးသားပါမည်။ အဘယ်ကြောင့် ဆိုသော် ထိုရာသီခွင်သည် ဟောပြောရသည်မှာ ခက်ခဲသောကြောင့်ဖြစ်ပါသည်။

    If you say "divination", how should you say it? In this section, I will show you how to write a speech in a zodiac style. I will tell you based on the topics that have already been mentioned. As an example, I will write a zodiac sign. It won't go into detail, but I'll cover the basics. I will write based on the birth of Cancer. Because that zodiac sign is difficult to tell.

    ကရကဋ်ရာသီခွင်သည် တနင်္လာဂြိုဟ်ပိုင်ဖြစ်ပါသည်။ ထို့ကြောင့် သတိထားရပါသည်။ တနင်္လာ သည် တစ်ရက်လျှင် ၁၃ဒီဂရီသွားနေသည့်အတွက် ရာသီခွင် တစ်ခုကို ၂ရက်မျှသာရပ်တည်လေ့ရှိသည်။ ထို့ကြောင့် ကရကဋ် အတွက်ဟောရလျှင် ဂရုတစိုက်ရှိသင့်သည်။ ယခုမှ စ၍ ဟောပြောပုံကိုစပါမည်။ ပထမဦးစွာ ကရကဋ် ရာသီခွင် ကို "တစ်တန့် ဘာဝ" ဟုစတင်ယူပါမည်။ ဒုတိယအိမ်ဖြစ်သော သိဟ်ရာသီခွင် ကို "၂တန့်ဘာဝ" ဟုမှတ်သားထားရမည်။ ထိုကဲ့သို့အဆင်အတိုင်း "၃တန့်ဘာဝ", " ၄တန့်ဘာဝ" ဟူ၍မှတ်သားထားရပါမည်။ နောက်ဆုံး "၁၂တန့်ဘာဝ" သည် မေထုန် ရာသီခွင်၌ အဆုံးသတ်သည်။ ထိုသို့မှတ်သားထားပြီးလျှင် ဟောပြောမှုကိုစပါမည်။

    The zodiac sign of Cancer belongs to the planet Moon. Therefore, be careful. Since Moon goes 13 degrees a day, a zodiac usually stands for only 2 days. Therefore, you should be careful when prescribing for cancer. From now on, I will start preaching. First of all, we will take the Cancer zodiac sign as "First Bhava". The second house, the Leo zodiac sign, should be noted as "2 Bhava". As such, you must remember "3 Bhawa", "4 Bhawa". The last "twelfth Bhava" ends in Gemini. Having noted that, we will begin the lecture.

    ဧပြီလ (၅)ရက်နေ့တွင် တနင်္လာ သည် မကာရရာသီ တွင်ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် ကရကဋ်ရာသီ မှကြည့်လျှင် "၇တန့်ဘာဝ" တွင်ရှိနေ၏။ ထိုနေ့တွင် ကရကဋ် ရာသီဖွား သည် အိမ်ထောင်ဖက်နှင့် အတူရှိနေပေမည်။ ထိုမျှမက သေချာမှုရှိလိုလျှင် တနင်္လာ သည် အင်္ဂါဂြိုဟ်ပိုင် နက္ခတ်ပေါ်တွင် ရပ်တည်နေသည်။ အင်္ဂါဂြိုဟ်သည် "၈တန့်ဘာဝ" တွင်ရပ်တည်နေသည့် အတွက် မိမိ၏ ကြွေးငွေကိစ္စကို အိမ်ထောင်ဖက်နှင့်အတူ သို့မဟုတ် မိတ်ဆွေနှင့်အတူ သွားရောက်ပြောဆိုနေမည်။ ထို့အပြင် ထိုနေ့တွင် ဇာတာရှင်မှာ အလုပ်သမား ခေါ်ရန်စီစဥ်နေမည်။ သတိထားရန်မှာ တနင်္လာပိုင် "၁တန့်ဘာဝ" သည် ကျန်းမာရေးနှင့်သက်ဆိုင်သည့် အတွက် မတော်တဆ ထိခိုက် ဒဏ်ရာရမှုရှိမည်ဟု ဟောပြောနိုင်ပါသည်။ထိုနည်းတူ တနင်္လာ ရပ်တည် သွားသော "ဘာဝ" အတိုင်း အဓိပ္ပါယ်ဖော်၍ဟောပြောရပါသည်။ အဘယ်ကြောင့် ထိုသို့ဟောရသည်မှာ "၇တန့်ဘာဝ" သည် အိမ်ထောင်ဖက် သို့မဟုတ် မိတ်ဆွေ တို့ကိုညွှန်ပြသည်။ "၈တန့်ဘာဝ" သည် သူတပါးချေးထားငွေ သို့မဟုတ် မတော်တဆထိခိုက်မှု စသည်တို့ကို ညွှန်ပြနေသောကြောင့် ဆက်စပ်တွေးခေါ်ပြီး ဟောပြောရပါသည်။ အဓိက အချက်မှာ ကရကဋ် သည် တနလ်ာပိုင်သည့် အတွက် ဇာတာရှင် ၏ ကိုယ်ရေးကိုယ်တာကိစ္စနှင့်ကျန်းမာရေး ကိုပတ်သက်စေပါသည်။

    April 5th, Moon is in Capricorn. Therefore, from the point of view of the Cancer season, it is in the "7 Bhava". On that day, the Cancerian may be with his spouse. And if you want to be sure, Moon is placed in the constellation of Mars. As Mars is standing in the "8th house", he will talk about his debt with his spouse or friend. In addition, on that day, the astrologer will plan to call workers. To be careful, the "1 Bawa" belonging to the Moon can be said to be related to health and there will be an accident. Similarly, it should be explained according to the meaning of the "Bawa" that the Moon stands for. Why is it said that "7 Bhava" indicates a spouse or friend. "8 bhava" indicates borrowing money from others or accidents, etc., so we have to think and talk about it in context. The main point is that Cancer belongs to Moon, so it is related to personal affairs and health of the horoscope sign.

    ကရကဋ်၏နောက် ဒုတိယဖြစ်သော သိဟ်ရာသီခွင်သည် မိသားစုကိစ္စနှင့်ငွေကြေး ကိုညွှန်ပြသည်။ ထိုကြောင့် "၂တန့်ဘာဝ" ပိုင်ဖြစ်သည့် တနင်္ဂနွေဂြိုဟ် မည်သည့်နေရာတွင်ရပ်တည်နေသည်ကိုကြည့်ရပါမည်။ တနင်္ဂနွေဂြိုဟ်သည် "၉တန့်ဘာဝ" တွင် ရာဟုဂြိုဟ်နှင့် ပူးလျှက် ဗုဒ္ဓဟူးဂြိုဟ်ပိုင်နက္ခတ်ပေါ်၌ရပ်တည်နေသည်။ ဗုဒ္ဓဟူးဂြိုဟ်သည် "၁၀တန့်ဘာဝ"တွင်ရပ်နေ၏။ ထို့ကြောင့် အလုပ်ကိစ္စဖြင့် ငွေရရန် ခရီးဝေးသွားရမည် သို့မဟုတ် အလုပ်ကိစ္စဖြင့် မိသားစု ခရီးဝေးသွားရမည်။ ထိုမျှမက အသေးစိတ်သိလိုပါက ဗုဒ္ဓဟူးဂြိုဟ် သည် "၁၂တန့် ဘာဝ" နှင့် "၃တန့် ဘာဝ" ပိုင်ရှင်ဖြစ်သည့်အတွက် နိုင်ငံရပ်ခြားအထိသွားမည် ဟုပင်ပြောဆိုနိုင်ပါသည်။ "၃, ၉, ၁၂ ဘာဝ" တို့၏ပေါင်းစပ်မှုသည် နိုင်ငံရပ်ခြားကို ညွှန်ပြပါသည်။

    Leo, the second sign after Cancer, indicates family matters and money. Therefore, we have to see where the planet Sun, which belongs to the "2 Bhava", is standing. The planet Sun is standing in the constellation belonging to the planet Mercury, conjoining with the planet Rahu in the "9th house". Mercury is standing in the "10th house". Therefore, you have to travel far to earn money on business or your family has to travel far on business. If you want to know more details, you can even say that Mercury is the owner of "12th house" and "3rd house" and will go abroad. The combination of "3, 9, 12 Bhavas" indicates foreign countries.

    ယခုလူအများစု၏ သိချင်ဆုံးသော အလုပ်ပိုင်းဆိုင်ရာကိုပြောပြပါမည်။ "၁၀တန့် ဘာဝ" သည် ဇာတာရှင်၏ အလုပ်အကိုင်ကိုပြပါသည်။ ထို့ကြောင့် မိဿရာသီသည် ကရကဋ် ၏ "၁၀တန့် ဘာဝ" ဖြစ်သည်။ မိဿ သည် အင်္ဂါဂြိုဟ်ပိုင်ဖြစ်၏။ အင်္ဂါဂြိုဟ်သည် "၈တန့် ဘာဝ" တွင် ရာဟုနက္ခတ်ပေါ်၌ ရပ်နေသည်။ ရာဟုသည် "၉န့်ဘာဝ" တွင်ရှိသည်။ ရာဟုသည် အနှောက်အယှက်ပေးတတ်သည်ကို သတိထားရပါမည်။ ထို့ကြောင့် အလုပ်အကိုင်နှင့်ပတ်သက်ပြီး ဇာတာရှင်သည် အဝေးမှလာမည့် ပစ္စည်း သို့မဟုတ် အရောင်းအဝယ် ကိစ္စကြောင့် စိတ်ညစ်ရမည်။ ထို့အပြင် အကြွေးကိစ္စကြောင့် ပူပင်မှုများရှိနေပေမည် ဟု ပြောဆိုနိုင်ပေမည်။ ထိုအပြင် ရေနှင့် ပတ်သက်သောပစ္စည်းဟုလည်းသတ်မှတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရာဟုသည် ရေပိုင်ဆိုင်သောရာသီခွင်တွင်ရပ်နေသောကြောင့်ဖြစ်သည်။ အသေးစိတ်ပြီး အဟောထုတ်လိုက်လျှင် ကရကဋ် ဖွားသည် ၅ရက်နေ့၌ အဝေးမှလာမည့် အရေနှင့်ပတ်သက်သောပစ္စည်းအတွက် စိတ်သောက ရောက်နေမည်။ ထို့အပြင် အလုပ်တွင် အကြွေးမရ၍စိတ်ညစ်နေရမည်။ ချွင်းချက်အနေဖြင့် ၅လပိုင်းတွင်း အကုန်အဆင်ပြေသွားမည်ဖြစ်ပါသည်။

    Now I will tell you about the work that most people want to know. "10 Tant Bhava" shows the job of the astrologer. Therefore, Aries is the "10th Bhava" of Cancer. Aries belongs to Mars. Mars is standing on Rahu Naksha in "8th house". Rahu is in "9th House". You have to be careful that Rahu is disruptive. Therefore, in relation to employment, the horoscope owner must be upset because of material or transaction matters coming from afar. In addition, it may be said that there may be worries due to the debt issue. In addition, it can also be defined as a material related to water. This is because Rahu stands in a watery sign. If you make a detailed prediction, Cancer born on the 5th will be anxious about skin-related items that will come from afar. In addition, you must not be in debt at work. As an exception, everything will be fine within 5 months.

    ယခု ကျွန်တော်သိသော ဟောပြောပုံကိုရေးသားလိုက်ပါသည်။ စာဖတ်သော မိတ်ဆွေများ လည်း မိမိနှင့် ပတ်သက်သော ရာသီခွင်ကိုရှာဖွေ၍ လေ့လာနိုင်မည်ဟု ယုံကြည်မိပါသည်။ အကယ်၍ မသိခဲ့ပါလျှင် ကျွန်တော့်၏ post အောက်တွင် သိလို့သည့် အကြောင်းကို လာမေးလို့ရပါသည်။ အဖြေ ကိုပြန်လည်ရေးပေးပါမည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။မင်းဇော်

    Now I have written the way I know how to preach. I believe that friends who read will be able to find and learn about their zodiac signs. If you don't know, you can ask about what you know under my post. I will rewrite the answer. May you be healthy and happy. Min Zaw

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!