လုပ်ဖြစ်တဲ့ တိုလီမုတ်စလေး

in voilk •  16 days ago

    အားလုံး မင်္ဂလာပါ။

    • တိုလီမုတ်စဆိုပေမယ့် အရေးပါ တဲ့အထဲမှာပါတယ်။

    • ဟော်နောက်ဖေးက ရေကန်ရေရှိမရှိပြေးပြေးကြည့်နေရတာမို့ ရေအနက်ပေ ပြတဲ့ မီတာ ဆင်ဆာလေး တပ်လိုက်တယ်။ Wifi router လေးနဲ့ ဝေးတော့ ကြွက်မြီးအင်တင်နာကြိုးလေး (အင်တင်နာတောင် မတပ်ရသေးပါ) တပ်လိုက်တော့ အဆင်ပြေပြေပြေနဲ့ wifi မိသွားပြီ။ ရေအနက်ကို ဖုန်းကနေကြည့်ပြီး အဝီစိတွင်း မောင်းရုံပဲ။ စည်ပင်ရေက တစ်ပါတ် တစ်ရက်လောက်ပဲ လာတော့တာမို့ ရေက မလောက်နေတော့ဘူး။

    • အဝီစိတွင်းမောင်းတာလဲ ၁ နာရီ pulsetime ကြာချိန် ပေးပြီးမောင်းပါတယ်။ ၁နာရီပြည့်တာနဲ့ မီးပိတ်ပြီး လေပါ အော်တိုထုတ်ပြီးသားမို့ စောင့်ပြီးလုပ်နေရတာမျိုးမရှိဘူး။

    • ဟော်က ရေသန့်စက်၊ ရေပူစက် မော်တာပန့်၊ ခြံထဲ ရေလောင်းတာတွေလဲ အော်တိုပဲ သူ့အချိန်နဲ့သူ အလုပ်လုပ်ကြပါတယ်။ လူသက်သာတယ်။ အစဦး ပိုင်းမှာတော့ ဒါတွေဆင်ဖို့ နဲနဲအချိန် ပေးရပေမယ့် ဆင်ပြီးအလုပ်လုပ်ပြီဆိုတာနဲ့ သိပ်ပြန်ကြည့်ဖို့ မလိုတော့ပါဘူး။ ဒါတွေလုပ်ဖို့၊ မောင်းဖို့ စောင့်တဲ့ မောင်းတဲ့ အချိန်ကို အခြားလိုအပ်တဲ့ နေရာမှာ သုံးလို့ရသွားတာပေါ့။ နောက်ပိုင်း လုပ်ငန်း လုပ်ရင်လဲ ဒီလို automation ပဲ လို သလို သုံးသွားမှာပါ။

    ရေအနက်ပြတဲ့ ဆင်ဆာလေး

    • ဒီဆင်ဆာလေးကို တော့ ရေလုံတဲ့ ultrasonic sensor နဲ့ wifi ပါတဲ့ microcontroller (esp8266) ကိုသုံးပြီးဆောက်ထားတာပါ။
    • microcontroller အတွက် firmware ကိုတော့ Tasmota ကို သုံးထားပါတယ်။ Tasmotizer software နဲ့ bin ဖိုင်ကို install လုပ်လို့ရသလို၊ online installer နဲ့လဲ firmware သွင်းလို့ရပါတယ်။ ချိတ်ဆက်ပုံကို (https://github.com/princekham/Tasmota/blob/main/Ultrasonic%20sensor.md) မှာ ကြည့်နိုင်ပါတယ်။ Tasmota firmware (tasmota.bin) ကို (https://ota.tasmota.com/tasmota/release/) မှာ ရနိုင် သလို online installer (https://tasmota.github.io/install/) မှာ တစ်ခါထည်း ကိုယ့် esp8266 ကို ချိတ်ဆက်ပြီး firmware သွင်းနိုင်ပါတယ်။ firmware သွင်းတဲ့ အချိန်မှာတော့ microcontroller ပေါ်က boot button လေးကို နိုပ်ထားရပါတယ်။ ကိုယ်သုံးတဲ့ microcontroller ပေါ်မူတည်ပြီး ကွန်ပျူတာနဲ့ ချိတ်ဖို့ ကြိုးတော့ကွာပါမယ်။

    • ဖုန်းထဲမှာ သုံးတဲ့ app ကတော့ Tasmota Remota ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆင်ဆာ device က အိမ်က ဝိုင်ဖိုင်နဲ့ ချိတ်ဆက်သွားပြီဆိုရင်၊ ဒီapp ကနေ ပြန်ရှာလို့ရပါပြီ။

    ဤအားလုံးကျန်းမာကြပါစေ။

    @princekham
    16th March 2025
    Myanmar

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!