ဇရာအားခံစားမိခြင်း

in voilk •  5 months ago


    Photo credited from facebook.

    "ခြေထောက်ကဘာဖြစ်တာလဲဟင်"
    "ဒူးနာနေလို့အန်တီ"
    မေးလာသည့်အန်တီကြီးစကားအားပြန်ဖြေရင်း လှေကား
    ပေါ်သို့ အားယူတက်လိုက်မိသည်။ဘယ်လိုပင် အပေါ်ယံ
    skincareတွေသုံးသုံး နုနယ်အောင်နေနေ ဇရာသည်
    ဇရာသာဖြစ်ပေသည်။
    လွန်ခဲ့သည့်၁၀နှစ်ဝန်းကျင်လောက်ကမိမိနှင့် ယခုအသက်၄၀ကျော်လာသည့် မိမိခန္တာကိုယ်အနေအထားကကွာ
    ခြားလှပါသည်။လှေကားတက်ရာ၌ ဒူးအကွေးအညွတ်၌ နာနေပါသည်။
    မိမိကိုယ်မိမိကိုယ်အလေးချိန်များတက်လာသည်လားဟု
    သံသယဖြင့် ပေါင်ချိန်ကြည့်ရာ၌ တက်မလာသည့်အပြင်
    ၁၀ပေါင်လောက်ကျသွားသည်ကိုတွေ့ရှိရသည်။
    မိမိသည်အစားနှင့်ပါးစပ်နှင့်မပြတ် မုန့်အမျိုးမျိုးစား
    တတ်သူဖြစ်သည်။သို့သော်လည်း ယခုအခါ၌တက်လာ
    သည့်ကုန်ဈေးနှူန်းကြောင့်အိမ်အသုံးစရိတ်အားလောက်
    ငအောင်သုံးဖို့စီစစ်နေရပေသည်။
    ထို့ကြောင့်ယခင်ကလိုမျိုး သရေစာအမျိုးမျိုးအားတစွတ်
    စွတ်မစားတော့ခြင်းကြောင့် ကိုယ်အလေးချိန်ကျသွားပုံ
    ရပေသည်။ထို့ကြောင့် မိမိဒူးနာလာခြင်း သည်အသက်
    အရွယ်ကြီးလာပြီး ဓာတ်တခုခုချို့ယွင်းမှူကြောင့်ဖြစ်
    ကောင်းဖြစ်နိုင်ပေသည်။
    ပြီးခဲ့သည့်ကိုဗစ်တတိယလှိူင်း၌ မိမိသည်ကိုဗစ်ရောဂါကို
    ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။စားသမျှအရသာမရှိ၍
    အစားကောင်းကောင်းမစားသည်မှာတလခန့်ကြာမြင့်ခဲ့
    သည်။အသက်ထွက်သွားမတတ်လှူပ်သည်နှင့်မောပမ်းခဲ့
    သည်။ချောင်းဆိုးတခါဆိုးလျှင်သေမတတ်ခံစားခဲ့ရသည်။
    ဤကိုဗစ်ဖြစ်ခဲ့သည့်အရှိန်ကြောင့်ယခုအချိန်တွင်လည်း
    ချောင်းဆိုးလျှင်ကျောတွေရင်ဘတ်တွေပါအောင့်နေသည်။
    ဤအကြောင်းကြောင့်များမိမိကိုဇရာထောင်းလာသည်
    မြန်ဆန်လာသည်လားဟုတွေးတောမိသည်။
    ၄၀ကျော်သည်၄၀ကျော်သာဖြစ်ပေသည်။မျက်ဝန်းအောက်
    ဘက်ရှိအရေးအကြောင်းများအား eye creamလိမ်း
    ပေးသော်လည်း၁၆နှစ်သမီးလေး၏မျက်ဝန်းလိုတော့
    ဘယ်သောအခါမျှပြန်ဖြစ်မလာတော့ပေ။
    မိမိတို့အသက်အရွယ်သည်လူငယ်လေးတွေ၏ကြံ့ခိုင်
    သန်မာမှူနှင့်တော့ယှဉ်၍ရမည်မဟုတ်ပါ။အချိန်သည်
    တရွေ့ရွေ့ကုန်ဆုံးလာပေသည်။အသက်၄၀ကျော်သည်
    လူ့သက်တမ်း၏တဝက်ကျော်လာသည်ဟုပြော၍ရပေ
    သည်။မိမိတို့သည်အိုမင်းမစွမ်းဖြစ်လာသည့်ဇရာ၏
    သဘောအားကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
    လက်ခံရပေမည်။
    အသက်မွေးဝမ်းကျောင်းပြုရာ၌လည်းဇရာနှင့်ကိုက်ညီစွာ
    မိမိလုပ်နိုင်သည့်အလုပ်ကိုသာလုပ်၍ရပေမည်။၁၈နှစ်
    ကလေးများနှင့်အပြိုင်ကာယအားဖြင့်လုပ်ရသည့်အလုပ်
    များအားလုပ်ကိုင်ရာ၌ လုပ်နိုင်ကိုင်နိုင်စွမ်းကျဆင်းလာ
    ပေမည်။ဤသည်ကိုလက်ခံ၍ မိမိအသက်အရွယ်နှင့်လျော်
    ညီစွာလုပ်ကိုင်ဆောင်ရွက်ရပေမည်။
    မိမိတို့မြန်မာနိုင်ငံ၌ လုပ်ငန်းရှင်များသည် ဝန်ထမ်းခန့်ရာ၌
    အသက်၂၅နှစ်အောက်ကိုသာရွေးချယ်ခန့်ထားကြသည်
    သာများလှပေသည်။ထို့ကြောင့်အသက်ကြီးလာသည်နှင့်အမျ မိမိ၏စားဝတ်နေရေးအတွက်လုပ်ကိုင်သည့်အလုပ်အ
    ကိုင်ကိုလည်းထည့်သွင်းစဉ်းစားရပေသည်။
    ထို့ကြောင့်မိမိသည်ငယ်ရွယ်စဉ်အချိန်အခါကတည်းက
    သူတပါး၏ဝန်ထမ်းအလုပ်ထက် လွတ်လွတ်လပ်လပ်စာ
    သင်သည့်အလုပ်နှင့်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ခြင်းကိုသာ
    ဦးစားပေးရွေးချယ်လုပ်ကိုင်ခဲ့သည်။ဤအလုပ်အကိုင်များ
    သည်အသက်အရွယ်မရွေးလုပ်ကိုင်နိုင်ခြင်းကြောင့်ပင်
    ဖြစ်ပေသည်။
    ထို့အတူonline၌ crypto tradeခြင်း၊ airdropများ
    လုပ်ကိုက်ခြင်း၊စာရေးသားခြင်း၊ကြော်ငြာကြည့်ခြင်း၊videoကြည့်ခြင်းအစရှိသဖြင့်အလုပ်အမျိုးမျိုးသည်လည်းအသက်အရွယ်ကိုဂရုစိုက်စရာမလို၊ မိမိ၏အမြင်အာရုံနှင့်
    ဦးနှောက်ချို့ယွင်းမှူမဖြစ်သရွေ့လုပ်ကိုင်နိုင်သည့်အလုပ်
    များဖြစ်၍လုပ်ကိုင်သင့်သည့်အလုပ်များဖြစ်သည်ဟုထင်
    မြင်ယူဆမိပါသည်။
    နိဂုံးချုပ်အနေဖြင့်ရေးသားချင်သည်မှာ မိမိတို့သည်အသက်
    အရွယ်ကြီးရင့်လာသည့် ဇရာဆိုသည်ကို မလွဲမသွေတွေ့
    ကြုံရသည်မှာမလွဲဧကန်ဖြစ်လာပေသည်။ထို့ကြောင့်
    မသေခင်နေထိုင်သွားရမည့်အချိန်အတွက် စားဝတ်နေရေး
    ကိစ္စအတွက် အနည်းနှင့်အများ လုပ်ကိုင်ဆောင်ရွက်ရပေ
    လိမ့်မည်။ဤအတွက်ကြိုးစားပြင်ဆင်သင့်သည်ဟုအကြပြု
    ရင်းအဆုံးသတ်လိုက်ရပေသည်။
    ၁၃.၂.၂၀၂၄
    ရေးသားသူ အိအိခိုင်

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!