Nakshatra နက္ခတ်

in voilk •  4 months ago

    နက္ခတ်ဗေဒ၏ "နဝင်း" အကြောင်းကိုသိပြီးဖြစ်ပါသည်။ ယခု အကြောင်းအရာမှာ နက္ခတ်(Nakshatra) အ​ေုကာင်းဖြစ်ပါတယ်။ နက္ခတ်ကို Birth stars ဟုလည်းခေါ်ဝေါ်ကြပါသေးတယ်။ ရာသီခွင် တစ်ခုလုံးမှာ နက္ခတ် (၂၇)လုံးရှိပါသည်။

    I already know about "Nawin" of astrology. What we have to learn now is about Nakshatra. Nakshatra is also called Birth Stars. There are (27) Nakshatra in the entire Zodiac.

    နက္ခတ် ၂၇လုံးကို အတိအကျခွဲခြမ်းရာတွင် "နဝင်း" အပေါ်မူတည်၍ ခွဲပါသည်။ နဝင်း ၁၀၈လုံးကို ၂၇ အညီအမျှပိုင်းရာတွင် နဝင်း ၄လုံးသည် နက္ခတ်တစ်လုံး ရရှိပါသည်။ နဝင်း တစ်လုံးသည် ၃ဒီဂရီ၂၀မိနစ်ရှိရာ နက္ခတ်တစ်လုံးသည် ၁၃ဒီဂရီ၂၀မိနစ် ကျယ်ဝန်းသည်။

    The 27 Nakshatra can be divided base on Nawin in the exact division. If 108 Nawin are divided equally into 27parts, there are four Nawins. Therefore, four Nawins are equal to one Nakshatras. One Nawin is 3degree 20minutes, so the width of a Nakshatra is 13degrees 20minutes wide.

    နက္ခတ် ၂၇လုံးသည် ကိုယ်ပိုင်ဂြိုဟ်ပိုင်များရှိကြသည်။ ဂြိုဟ်ကြီး ၉လုံးကို နက္ခတ်အသီးသီခွဲဝေလိုက်သည့်အခါ ဂြိုဟ်တစ်လုံးသည် နက္ခတ် ၃လုံးကိုစိုးမိုးသည်။ ထိုပိုင်ဆိုင်မှုတို့မှာ
    ကိတ်ဂြိုဟ် = အဿဝဏီ၊ မာဃ၊ မူလ
    သောကြာဂြိုဟ် = ဘရဏီ၊ ပြုဗ္ဗဖလဂုဏီ၊ ပြုဗ္ဗသဋ်
    တနင်္ဂနွေဂြိုဟ် = ကြတ္တိကာ၊ ဥတ္တရဖလဂုဏီ၊ ဥတ္တရသဋ်
    တနင်္လာဂြိုဟ် = ရောဟဏီ၊ ဟဿတ၊ သရဝဏ်
    အင်္ဂါဂြိုဟ် = မိဂသီ၊ စိတြ၊ ဓနသိဒ္ဓိ
    ရာဟုဂြိုဟ် = အဒြ၊ သွာဒိ၊ သတ္တဘိသျှ
    ကြာသပတေးဂြိုဟ် = ပုဏ္ဏဖုသျှ၊ ဝိသာခါ၊ ပြုဗ္ဗဘဒြပိုဒ်
    စနေဂြိုဟ် = ဖုသျှ၊ အနုရာဓ၊ ဥတ္တရဘဒြပိုဒ်
    ဗုဒ္ဓဟူးဂြိုဟ် = အဿလိသ၊ ဇေဋ္ဌ၊ ရေဝတီ
    ဟူ၍အသီးသီးပိုင်ဆိုင်ကြသည်။

    27 Nakshatra have their own planets. When the 9 planets are divided into their respective Nakshatra, one planet rules over three Nakshatras. Those interests are;
    Ketu = Ashwini, Magha, Moola
    Venus = Bharani, Purva Phalguni, Purvashada
    Sun = Krittika, Uttara Phalguni, Utarashada
    Moon = Rohini, Hasta, sharavan
    Mars = Mrighasira, Chitra, Dhanishta
    Rahu = Ardra, Swati, Shatabisha
    Jupiter = Punarvasu, Vishaka, Purvabhadra
    Saturn = Pushya, Anuradha, Uttarabhadra
    Mercury = Ashlesha, Jyestha, Revati
    are said to belong to each.

    ထို့အပြင် နက္ခတ် ၂၇လုံးတွင် ပုံသဏ္ဍန်များကွဲပြားနေပါသည်။ နက္ခတ်တစ်လုံးစီတွင် ကြယ်ဖွဲ့စည်းပုံအလိုက်ကွဲပြားနေရခြင်းဖြစ်ပါသည်။ ထိုပုံသဏ္ဍန်များမှာ
    အဿဝဏီ = မြင်းခေါင်း
    ဘရဏီ = ယောနိ
    ကြိတ္တိကာ = ဓါး
    ရောဟဏီ = လှည်း၊ ဗိမာန်၊ ညောင်ပင်
    မိဂသီ = သမင်ခေါင်း
    အဒြ = မျက်ရည်စက်၊ စိန်၊ လူဦးခေါင်း
    ပုဏ္ဏဖုသျှ = လေးနှင့်ကျဥ်ထောက်
    ဖုသျှ = နွား၏နို့၊ ကြာပန်း၊ မြှားနှင့်စက်ဝိုင်း
    အသလိဿ = မြွေ
    မာဃ = ရာဇပလ္လင်
    ပြုဗ္ဗဖလဂုဏီ = ကုတင်ရှေ့ခြေထောက်၊ ပုခက်၊ သဖန်းပင်
    ဥတ္တရဖလဂုဏီ = ကုတင်ခြေလေးချောင်း၊ ပုခက်
    ဟဿတ = လက်သီး
    စိတြ = တောက်ပသောကျောက်မျက်ရတနာ (သို့) ပုလဲ
    သွာတိ = အပင်၏အညွန့်၊ သန္တာ
    ဝိသာခါ = အောင်ပွဲခံသည်၊ အိုးထိန်းစက်(ဘီး)
    အနုရာဓ = ကြာပန်း
    ဇေဋ္ဌ = စက်ဝိုင်းအဆောင်၊ ထီး၊ နားကပ်
    မူလ = အမြစ်စည်း၊ ဆင်ကောက်
    ပြုဗ္ဗသဋ် = ဆင်စွယ်၊ ယက်တောင်၊ လှေ့ခြင်းတောင်း
    ဥတ္တရသဋ် = ဆင်စွယ်
    သရဝဏ် = နား (သို့) ခြေရာသုံးချောင်း
    ဓနသိဒ္ဓိ = ဗုံ (သို့) ပုလွေ
    သတ္တဘိသျှ = အဝိုင်းချည်း၊ ပန်းများ (သို့) ကြယ်များ
    ပြုဗ္ဗဘဒြပိုဒ် = ဓါးများ(သို့)ကုတင်ရှေ့ခြေထောက်နှစ်ချောင်း၊ မျက်နှာနှစ်ဖက်ပါသောအမျိုးသား
    ဥတ္တရဘဒြပိုဒ် = အမြွှာ၊ ကုတင်နောက်ခြေထောက်၊ ရေထဲရှိမြွေ
    ရေဝတီ = ငါးနှစ်ကောင်၊ ဗုံ
    တို့ဖြစ်ပါတယ်။

    Also, the 27 Nakshatras have different shapes. Each Nakshatra has a different star structure. Those shapes are
    Ashwini = Horse's Head
    Bharani = Yoni
    Krittika = Knife
    Rohini = Cart, temple, banyan tree
    Mrighasira = Deer's head
    Ardra = Teardrop, diamond, a human head
    Punarvasu = Bow and quiver
    Pushya = cow's udder, lotus, arrow and circle
    Ashlesha = Serpent
    Magha = Royal throne
    Purva Phalguni = Front legs of the bed, hammock, fig tree
    Uttara Phalguni = Four legs of the bed, hammock
    Hasta = Hand or fist
    Chitra = Bright jewel or pearl
    Swati = Shoot of plant, coral
    Vishaka = Triumphal arch, potter's wheel
    Anuradha = Triumphal arch, lotus
    Jyestha = Circula amulet, umbrella, earring
    Moola = Bunch of roots tied together, elephant goad
    Purvashada = Elephant tusk, fan, winnowing basket
    Uttarashada = Elephant tusk
    Sharavan = Ear or three footprints
    Dhanishta = Drum or flute
    Shatabisha = Empty circle, flowers or stars
    Purvabhadra = Swords or two front legs of cot, a man with two face
    Uttarabhadra = Twins, back legs of cot, snake in the water
    Revati = Pair of fish, drum
    etc.

    ယခု တင်ပြခဲ့သည်က နက္ခတ် တို့၏ ပိုင်ဆိုင်မှုနှင့် ပုံသဏ္ဍန်များဖြစ်ပါသည်။ ထို နက္ခတ်ထဲမှ ထူးခြားသော အကြောင်းအရာများထဲမှ "ဘရဏီ" သည် ဆိုးသွမ်းသော "ယမနက္ခတ်"ဟုဖော်ပြထားပါသည်။ အဓိပ္ပါယ်မှာ သေမင်း( God of Death)ဖြစ်သည်။ bharani သည် အချစ်နတ်သမီး(သောကြာ)ပိုင်ဖြစ်သောကြောင့် " သေမင်း ဟုခိုင်းနှိုင်းထားရခြင်း" မှာစဥ်းစားစရာဖြစ်စေသည်။ထိုကဲ့သို့သော nakshatra များစွာရှိနေခြင်းသည် နက္ခတ်ဗေဒ ကိုလေ့လာရန်ဆွဲဆောင်မှုတစ်ခုအနေဖြင့် ရပ်တည်နေပါသည်။

    Presented now are the properties and shapes of the Nakshatras. Among the unique contents of that Nakshatra, "bharani" is mentioned as the malefic "Yama Naksha". The meaning is death (God of Death). As bharani belongs to the goddess of love (venus), it is interesting to think that it is "compared to death". The presence of many such Nakshatras stands as an attraction to study astrology.

    နောက်လာမည့်အပိုင်းတွင် မြန်မာတို့၏ ဇာတာများအကြောင်းကို တင်ပြပေးသွားပါမယ်။ လွန်ခဲ့သော ဆယ်စုနှစ်များမှ လူများစု မဖတ်မိသော ဇာတာအကြောင်းကို ကိုးကားလျက် လူအများသိရှိစေရန် တင်ပြပေးသွားပါ့မယ်။ ကျွန်တော်ကို စိတ်ရှည်စွာ စောင့်မျှော်ဖတ်ရှု့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ မင်းဇော်

    In the next section, I will present the horoscopes of Myanmar. I'm going to present it to the public with reference to horoscopes that most people haven't read in the past decade. Thank you very much to everyone who has been patiently waiting for me to read. Min Zaw

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!