မိကျောင်း တိုကင်

in voilk •  4 months ago

    Kero ဆိုတဲ့ NFT artist တစ်ယောက်ဟာ Solana blockchain ပေါ်က memecoin တစ်ခုအတွက် 1 ရက်အတွင်းမှာ $10 million အထိ funding ရသွားခဲ့ပါတယ်။SNAP ဆိုတဲ့ meme coin အတွက် presale သဘောမျိုး ရောင်းခဲ့တာဖြစ်ပြီး 1 ရက်အတွင်းမှာတင် 55,000 SOL ($10.4 million) အထိ funding ရသွားခဲ့ပါတယ်။

    Kero ဟာ X ပေါ်မှာ meme တွေ၊ NFT artwork တွေနဲ့ လူသိများတဲ့ creator တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ NFT art တွေဟာ Pepe the frog ပုံစံမျိုးကိုမှ မိကျောင်းအသွင်ပြောင်းထားတဲ့ ပုံစံမျိုးတွေပါ။
    March လ 15 ရက်နေ့ညပိုင်းလောက်မှာ Kero ဟာ “SOL blockchain ပေါ်မှာ shitcoin တစ်ခုကို အပျော်သဘောနဲ့ဖန်တီးသင့်သလား? ”ဆိုပြီး X ပေါ်မှာ poll တစ်ခုလုပ်ခဲ့ပြီးနောက်မှာ ထောက်ခံသူရာခိုင်နှုန်း 70% ကျော်အထိ ရှိခဲ့ပါတယ်။

    ဒါကြောင့် ဒီ memecoin အတွက် ရင်းနှီးငွေရနိုင်ဖို့အတွက် SOL တွေ ပို့ပေးနိုင်ကြဖို့ SOL wallet address တစ်ခုကို X ပေါ်မှာ ချပေးခဲ့ပါတယ်။ မကြာခင်မှာပဲ ဒီ wallet address ထဲကို SOL တွေ တောက်လျှောက်ဝင်လာခဲ့ပြီး နောက်ဆုံးမှာတော့ 55,000 SOL နီးပါးအထိ ဖြစ်သွားခဲ့သလို “Presale ပြီးသွားပါပြီ၊ SOL တွေ ထပ်မပို့ကြပါနဲ့တော့” လို့ ထပ် tweet ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

    တကယ်တော့ Kero တို့ဟာ SNAP project အတွက် ရေရှည်စဉ်းစားထားတဲ့ အစီအစဉ်လည်းမရှိသလို ဘာအတွက်သုံးမယ်ဆိုပြီး ချပြထားတာလည်း မရှိပါဘူး။ SNAP အတွက် logo ဖြစ်တဲ့ မိကျောင်းပုံဟာလည်း Kero ရဲ့ သင်္ကေတလက်ရာလို့ဆိုရမယ့် Coco ဆိုတဲ့ မိကျောင်း meme ပုံတစ်ခုသာဖြစ်ပါတယ်။

    SNAP presale မှာ ပါဝင်ဝယ်ယူခဲ့ကြတဲ့သူအများစုဟာ SOL ပမာဏအသေးလေးတွေကို လွှဲပြီးဝယ်ယူခဲ့ကြတာဖြစ်ပြီး SOL ရာနဲ့ချီလွှဲခဲ့ကြတဲ့ wallet ပေါင်းကတော့ အနည်းငယ်သာ ရှိခဲ့ပါတယ်။

    ဒါကြောင့် X ပေါ်မှာ သူများတွေ share လို့တွေ့ပြီး အပျော်သဘောနဲ့ ရှိသလောက် SOL လေး လွှဲပြီး ဝင်ပါဖို့ ဆုံးဖြတ်လိုက်ကြပုံပါပဲ။
    လောလောဆယ်မှာတော့ Kero အနေနဲ့ SNAP ဖန်တီးဖို့အတွက်ကို ပြင်ဆင်နေကြောင်းနဲ့ SOL လွှဲထားကြသူတိုင်း SNAP ရအောင် အကြိမ်ကြိမ်အခါခါစစ်ဆေးပေးမှာဖြစ်ကြောင်း ဆိုထားသလို တနင်္လာနေ့ မနက် 3 နာရီခွဲမတိုင်ခင်ထိ launch လုပ်နိုင်မှာမဟုတ်သေးကြောင်းလည်း ကြေငြာထားပါတယ်။

    အခုချိန်မှာတော့ Kero ရဲ့ SNAP presale ဟာ crypto community ကြားမှာ အတော်နာမည်ကြီးနေပြီး ပုံမှန်မှဟုတ်ပါရဲ့လားဆိုပြီး သံသယဝင်မှုတွေလည်း ရှိနေပါတယ်။

    Reference Link: https://www.theblock.co/post/282958/nft-artist-raises-over-10-million-in-one-day-for-solana-memecoin-presale

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!