Man City or Chelsea

in voilk •  3 months ago

    EPL ပွဲစဉ်များ ဒီနေ့ ကစားမည် ဖြစ်၏။ Round 34 ဖြစ်၏။ အသင်း အားလုံးတော့ မဟုတ်ပေ။ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ် ကစားမည့် အသင်းတွေကတော့ ဒီတပတ်မှာ EPL ကစားရမည် မဟုတ်ပေ။ Man City, Man United နှင့် Chelsea တို့၏ ပွဲစဉ်တွေတော့ မရှိပေ။ ထိုအသင်းများက FA Cup ဆီမီးဖိုင်နယ် ကစားရမည် ဖြစ်၏။ Man City vs Chelsea, Coventry vs Man United တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။

    ဆီမီးဖိုင်နယ် ပွဲစဉ်များ ဖြစ်သဖြင့် ပွဲစဉ်တွေက တကယ့်ကို ကြည့်လို့ ကောင်းမည် ဖြစ်၏။ Man City vs Chelsea ပွဲကတော့ လူစိတ်ဝင်စားမှု ပိုများ ပေလိမ့်မယ်။ ဒီရာသီမှာ City နဲ့ တွေ့တိုင်း Chelsea ကလည်း အတော်လေး ကောင်းလေ့ ရှိ၏။ City အိမ်ကွင်း ပေမယ့် Chelsea မှာလည်း အခွင့်အရေးကောင်းတွေ ရှိနေပါသေး၏။

    United အနေဖြင့် Coventry အသင်းနဲ့ ကစားရမှာမို့ ရုတ်တရက် တွေးကြည့်ရင်တော့ ပွဲစဉ် ချောင်တယ် ဆိုပေမယ့် ကိုယ်တွေ United တက်က အရင် United မဟုတ်နေဘူး မလား။ ထို့ပြင် Coventry ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမှာမို့ United အတွက် အခက်အခဲ ရှိနိုင်၏။ Championship မှာ အဆင့် ၈ နေရာမှာ ရပ်တည်နေပေမယ့်လည်း United ကို သူတို့ ကောင်းကောင်း ဧည့်ခံကြပေလိမ့်မည်။ ဒီရာသီမှာ ယူနိုက်တက် အတွက် လွယ်ကူသည့် ပြိုင်ဘက်ဆိုပြီး မရှိနေပေ။ ပြိုင်ဘက် အားလုံးက United အတွက် ခက်ခဲပါ၏။

    မနေ့က Al Nassr ၏ ပွဲစဉ်‌လည်း ကစား၏။ Ronald တော့ ပါဝင် ကစားခဲ့ခြင်း မရှိပေ။ သို့ပေမယ့် Al Fayha ကိုတော့ သူတို့ အနိုင်ကစားနိုင်ခဲ့၏။ Saudi Pro League က 34 ပွဲ ကစားရမည် ဖြစ်၏။ Al Hilal က 27 ပွဲ ကစားပြီး 77 မှတ် ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထား၏။ Al Nassr ကတော့ 28 ပွဲ ကစားပြီး 69 ဖြင့် ဒုတိယ နေရာမှာ ရပ်တည်နေ၏။ ဒီရာသီလည်း Al Nassr တို့ ဗိုလ်စွဲဖို့ ‌အခွင့်အရေး အတော်လေး နည်းသွားခဲ့ပြီ ဖြစ်၏။

    နက်ဖြန် မြန်မာစံတော်ချိန် မနက် 1 နာရီမှာတော့ Wolves vs Arsenal ပွဲ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။ ပြီးခဲ့သော အိမ်ကွင်း ပွဲစဉ်မှာ Aston Villa ကို ရှုံးနိမ့်ထားသဖြင့် Arsenal တို့ အဆင့် 2 နေရာကို ဆင်းပေးလိုက်ရ၏။ ရာသီ သိမ်းခါနား နီးရင် Arsenal တို့ ထထပြီး ဖောက်လာလေ့ ရှိ၏။ မနှစ်ကလည်း ထိုအတိုင်းပင်။ တရာသီလုံး ဇယားထိပ်မှာ နေလာခဲ့ပြီးမှ ရာသီ သိမ်းခါနီးမှာ Man City ၏ ကျော်တက်ခြင်းကို ခံခဲ့ရ၏။

    တူညီသော အမှားကို ထပ်မမှားဖို့ လို၏။ Aston Villa ကို ရှုံးနိမ့်မှုက သူတို့၏ ကံဆိုးမှု အစ မဖြစ်သွားဖို့ လို၏။ ချန်ပီယံ ဖြစ်ချင်ရင် လက်ကျန် ပွဲစဉ်တိုင်းကို သေချာလေး ကစားဖို့ လို၏။ သူတို့ အတွက် မျှော်လင့်ချက်ကလည်း EPL ဖလား တခုသာ ကျန်တော့သည် မဟုတ်လား။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!