Week 11 is coming

in voilk •  5 months ago

    ဒီတပတ်မှာတော့ EPL Week 11 ပွဲစဉ်တွေ ကစားသွားဖို့ ရှိပါတယ်။ Saturday မှာ 4 ပွဲ၊ Sunday မှာ 6 ပွဲ ကစားဖို့ ရှိနေပါတယ်။ ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်လို့ ပြောလို့ရမည့် Chelsea vs Arsenal ပွဲစဉ်‌လည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ တပတ်က Man United နဲ့ ကစားခဲ့ရတဲ့ Chelsea အဖို့ ဒီတပတ်မှာ Arsenal နဲ့ ထပ်မံ ကစားရမှာ ဖြစ်ပါတယ်။ ဒီနေ့ ကစားမယ့် ပွဲစဉ်တွေ အားလုံး မြန်မာစံတော်ချိန် ည 9 နာရီခွဲမှာ ကစားသွားမှာ ဖြစ်ပါတယ်။ အသင်းကြီးတွေရဲ့ ပွဲစဉ်ကတော့ နက်ဖြန်မှာပဲ ရှိပါလိမ့်မယ်။

    မနေ့က ကစားသွားတဲ့ Saudi Arabia Pro League မှာတော့ Ronaldo ရဲ့ Al Nassr အသင်းဟာ Al Riyadh အသင်းကို အဝေးကွင်းမှာ Mane ၏ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ Al Nassr အနိုင်ရသလို Al Hilal ကလည်း Al Ettifaq ကို 3-1 ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Saudi League မှာတော့ Al Hilal က 10 ပွဲ ကစားပြီး 9 ပွဲနိုင်၊ 1 ပွဲ သရေ 28 မှတ်နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားပါတယ်။

    ဒုတိယနေရာက လိုက်နေတာကတော့ Benzema ရဲ့ Al Ittihad အသင်းပဲ ဖြစ်ပါတယ်။ 10 ပွဲကစားပြီး 9 ပွဲနိုင်၊ 1 ပွဲရှုံး 27 မှတ်နဲ့ Al Hilal ကို ဆက်လက်ဖိအားပေးထားပါတယ်။ Goat ကြီး CR7 ရဲ့ Al Nassr ကတော့ 10 ပွဲကစားပြီး 6 ပွဲနိုင်၊ 4 ပွဲသရေ 22 မှတ်နဲ့ အဆင့် 3 နေရာမှာ ရပ်တည်နေပါတယ်။ Al Hilal နဲ့ 6 မှတ်ကွာနေတာမို့ Al Nassr တို့ အနေနဲ့ လက်ကျန်ပွဲတွေကို သေချာ အာရုံစိုက်ဖို့ လိုပါမယ်။

    Al Hilal ရဲ့ ခြေစွမ်းကလည်း ငြိမ်လွန်းလှပါတယ်။ အနီးကပ်ဆုံး ပြိုင်ဘက်တွေ ဖြစ်တဲ့ Al Ittihad ကို အနိုင်၊ Al Nassr နဲ့က သရေ ကစားထားပါတယ်။ ပြိုင်ဘက်တွေထက် ခေါင်းတလုံး ပိုသာနေတဲ့ သဘောပါပဲ။ သူ ခြေချော်မှပဲ ကျန်အသင်းတွေ အတွက် အခွင့်အရေးရှိမယ့် ပုံပါ။

    Al Ettifaq နည်းပြ Gerrard အနေနဲ့ မနေ့ကပွဲမှာ Al Hilal ကို ရှုံးသွားခဲ့တာမို့ နည်းပြ ထိုင်ခုံ လှုပ်ဖို့ ရှိနေပါတယ်။ Saudi Arabia Pro League ပွဲစဉ်တွေလည်း ကြည့်လို့ကောင်းတယ်လို့ ပြောရမှာပါ။ အသင်းတွေရဲ့ အရေအသွေးထက် နာမည်ကျော်ကစားသမားတွေ ရှိနေ၊ များနေတာလေး တခုက လွဲလို့ပေါ့။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!