Human Being daily life

in voilk •  3 months ago

    လူဆိုတာကြီးက
    တကယ်တော့
    ကိုယ့် story ထဲမှာ
    ကိုယ်တိုင်ပိတ်မိနေတာလို့ပြောရင်
    လက်ခံမလား မိတ်ဆွေတို့ရေ

    ဒီမနက်
    ဘဝမှာ အမှတ်တမဲ့ကြုံရတာက
    ဝမ်းထဲ အပ်ချည်စိမ်း
    အထွေးလိုက်ကြီး
    ပါလာတာပါပဲ

    သန့်ရှင်းရေးလုပ်ရင်း
    စအိုဝမှာ ညှိနေတော့
    ဆွဲပြီး အိမ်သာခွက်ထဲထည့်
    ရေဆွဲချလိုက်တာ

    အစက ဖာသိဖာသာပါပဲ
    ပြန်တွေးရင်က
    သံကောင်လည်းမဟုတ်
    ဘာမဟုတ်နဲ့

    လူပြောပြောကြတဲ့
    အပင်း ဆိုတာလား

    တစ်နေကုန်
    ဒီအပ်ချည်စိမ်း ကိစ္စပဲ
    အာရုံ များနေတာ

    စပ်စုတတ်သူမို့
    အမှုမဲ့အမှတ်မဲ့ကို
    တစ်ထစ်ချင်း ပြန်လိုက်တွေးရတာ

    တကယ်တော့ အာရုံပါပဲ

    ပစ္စည်းပျောက် ငရဲရောက်ထပ်
    ဆိုးတာမျိုး

    ဟိုလူလား ဒီလူလား
    ငါ ဘာဖြစ်လို့လဲ

    မေးခွန်းတွေက တသီကြီး

    မိတ်ဆွေတစ်ထောင်
    ရန်သူတစ်ကောင်
    ဘာဖြစ်ဖြစ်ပါစေ

    ကျွန်တော့အနေနဲ့တော့
    Storyတွေ ထပ်ရေးပြီး
    ခံစားမနေတော့ပါဘူး

    ဤမျှနဲ့ ချန်ခဲ့လိုက်ပါပြီ
    မုန်းသူကြင်သူ မခွဲ
    အားလုံး ကျန်းမာစေဖို့သာ
    ဆန္ဒပြုလျက်

    တီဖြိုး
    10th Apirl 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!