30%

in voilk •  2 months ago

    Biden အစိုးရလက်ထက်မှာ crypto industry အပေါ် ကန့်သတ်တင်းကြပ်မှုတွေ အတော်များလာခဲ့ပါတယ်။ Spot Bitcoin ETF တွေကို ခွင့်ပြုပေးခဲ့တဲ့ကိစ္စက လွဲရင် crypto company တွေကို အကြောင်းအမျိုးမျိုးပြ တရားစွဲနေတဲ့ကိစ္စတွေ၊ တိကျသေချာတဲ့ဥပဒေစည်းမျဉ်းတွေမချပြထားဘဲ crypto ဥပဒေဟာ SEC နဲ့ DoJ လက်ခုပ်ထဲကရေလို ဖြစ်နေတဲ့ကိစ္စတွေဟာ US အခြေစိုက် crypto company တွေ၊ US မှာ service ပေးနေတဲ့ crypto company တွေအတွက်တော့ အတော်လေးအကြပ်ရိုက်စရာဖြစ်စေပါတယ်။

    အခုလည်း Biden အစိုးရဟာ US Bitcoin mining industry နဲ့ပတ်သက်လို့ 30% အထိ လျှပ်စစ်ဓာတ်အားခအခွန်ကောက်ခံဖို့အတွက် Congress လွှတ်တော်မှာ အဆိုပြုထားပြန်ပါပြီ။ ဒီအဆိုကို crypto industry နဲ့အတူ Republican party အမတ်တွေက ကန့်ကွက်နေသလို 30% အခွန်ဟာ US မြေကနေ mining company တွေကို နှင်ထုတ်နေတာနဲ့အတူတူပဲ ဖြစ်ကြောင်း ဝေဖန်ထားကြပါတယ်။

    ဒါပေမယ့်လည်း အိမ်ဖြူတော်က‌တော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ crypto industry ကို တင်းကြပ်နေကြတာဖြစ်သလို တရုတ်နိုင်ငံဆိုရင် cryptocurrency တွေကို ban ထားတဲ့အထိတောင် လုပ်ထားကြောင်း တုံ့ပြန်ထားပါတယ်။

    အခုချိန်မှာ US အတွင်းက mining company တွေဟာ ကမ္ဘာ့ Bitcoin mining ဈေးကွက်ရဲ့ 40% ဝန်းကျင်အထိကို ရယူထားနိုင်တာဖြစ်တာကြောင့် တကယ်လို့သာ ဒီ company တွေ US မှာ မရပ်တည်နိုင်ကြတော့ရင် သူတို့ဆီကနေရမယ့် အခွန်အခတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ဆုံးရှုံးရမှာပါ။

    အိမ်ဖြူတော်ကတော့ ဒီဥပဒေကိုသာ အတည်ပြုနိုင်ခဲ့ရင် 2025 ဘဏ္ဍာနှစ်ကစလို့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ $3.5 billion အထိ အခွန်ဝင်ငွေရှိလာနိုင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။

    Biden အစိုးရရဲ့ crypto industry အပေါ် ဒီလိုမျိုး တင်းကြပ်မှုတွေဟာ ပြိုင်ဖက်နိုင်ငံရေးအဖွဲ့အစည်းတွေအတွက်တော့ အခွင့်ကောင်းတစ်ခုဖြစ်လာနေပါတယ်။ မြင်တွေ့ရသလောက်ဆိုရင် 2024 ခုနှစ် US သမ္မတရွေးကောက်ပွဲအတွက် Republican party နဲ့ အခြား party တွေဟာ Biden အစိုးရရဲ့ တင်းကြပ်မှုတွေကို ထောက်ပြရင်း crypto bro တွေရဲ့ မဲတွေကို သဲ့ယူဖို့ကြိုးစားလာနေကြပါတယ်။

    Reference Link: https://cointelegraph.com/news/biden-is-asking-congress-to-kill-the-american-bitcoin-mining-industry

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!