I am every Sunday
Garbage from around the house
Collected.
Today (11-2-2024) is Sunday
Fifteenth garbage collection
is.
ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
ကောက်ယူပါသည်။
ယနေ့ (11-2-2024) တနင်္ဂနွေနေ့သည်
ဆယ့်ငါးကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
ဖြစ်သည်။
ယခင်နေ့က မနက်ပိုင်းမှာ စည်ပင်သာယာမှ
အမှိုက်ကားလာသည်။ ထိုအမှိုက်ကားသို့
ရပ်ကွက်မှ အမှိုက်ပစ်သည်။ အမှိုက်ကားက
အမြင့်ဆိုတော့ အမှိုက်တောင်းများကို
ကားပေါ်သို့ ပင့်တင်ပေးရသည်။
အမှိုက်ကားအပေါ်မှ အမှိုက်သိမ်းသူ အမျိုးသမီး
များကလည်း အမှိုက်တောင်းများကို ကုန်း၍
ယူသည်။ အမှိုက်တောင်းကို အောက်ပေးသူနှင့်
အပေါ်မှယူသူကြား အမှိုက်တောင်းသေးလျှင်၊
အမှိုက်အနည်းငယ်ဆိုပါမူ ကိစ္စမရှိပေ။
အမှိုက်တောင်း၊ အမှိုက်အိတ်က မနိုင်မနင်း
ဖြစ်ပါမူ ပေးသူနှင့် ယူသူကြား လွတ်ကာ
အမှိုက်များ ဖိတ်စင်ပြုတ်ကျတတ်ပေသည်။
ထိုအခါ ကားလမ်းမပေါ် အမှိုက်များ ပြန့်ကျဲ
ကုန်သည်။ အမှိုက်ပိုင်ရှင်က တခါတရံ သိမ်း
ယူပစ်သလို၊ ဒီအတိုင်း မသိသလို ပစ်ထားခဲ့
သူများလည်းရှိသည်။
ဒီတော့ ထိုအမှိုက်များကို ပြန်လည် လှဲကျင်း
ပြီး အမှိုက်တောင်းအတွင်း ပြန်ပစ်ရသည်။
ယခုအပတ် တနင်္ဂနွေအမှိုက်ကောက်မှု
အကြောင်းအရာကို စည်ပင် အမှိုက်ကားနှင့်
အဆုံးသတ်လိုက်ပါသည်။
@htwegyi
February 11, 2024