Semi Finals List

in voilk •  13 days ago

    Euro 2024 ကော၊ Copa America ကော ကွာတားဖိုင်နယ် ပွဲစဉ်များ အားလုံး ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ ဆီမီးဖိုင်နယ်သို့ တက်ရောက်မည့် အသင်းများလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်၏။ အိမ်ရှင် Germany နှင့် Goat ကြီး Ronaldo ၏ Portugal တို့ကတော့ ကွာတားဖိုင်နယ် အဆင့်ကနေပဲ နှုတ်ဆက် ထွက်ခွာ သွားခဲ့ရပြီ ဖြစ်၏။ ထို နှစ်သင်းအပြင် ကျနော့် အကြိုက် Switzerland နှင့် Turkiye နှစ်သင်းလည်း ကွာတားဖိုင်နယ် အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတော့၏။

    မနေ့ည 10 နာရီခွဲမှာ ကစားသည့် England vs Switzerland ပွဲမှာတော့ သာမန် ပွဲကစားချိန်ထိ တဖက်တဂိုးစီ သရေကျနေသဖြင့် အချိန် ဆက်လက် ကစားကြ၏။ အချိန်ပို မိနစ် 30 ကစားပြီးသည်ထိ သရေကျနေသေးသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ပြီး ယူ၏။ ပင်နယ်တီမှာတော့ England အသင်းက Switzerland ကို 5-3 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ကံတရားက အိမ်ရှင် Germany ကို မျက်နှာသာ မပေးပေမယ့် England ကိုတော့ ခုထိ ထမ်းတင်ထားပေးဆဲပင်။ လိမ်ဖယ်လိမ်ဖယ်နဲ့ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်လာခဲ့ပြီ ဖြစ်၏။

    ပြီးခဲ့သော Euro 2020 တုန်းကလိုပဲ Final တွေ ဘာတွေ ရောက်ဦးမည်ထင်။ တော်နေကြာ မပြောကောင်း ပြောကောင်း ချန်ပီယံတွေ ဘာတွေ ထဖြစ်နေဦးမည်။ ဆီမီးဖိုင်နယ်မှာ တွေ့ကြမယ့် အသင်းတွေက Spain vs France နှင့် England vs Netherlands တို့ တွေ့ဆုံကြမည် ဖြစ်၏။ ဆီမီးဖိုင်နယ် ပွဲစဉ်များကိုတော့ July 10, 11 ရက်နေ့များမှာ ကစားသွားကြမည် ဖြစ်၏။

    Copa America ဖက်မှာတော့ နာမည်ကြီး Brazil တို့ ကွာတားဖိုင်နယ် အဆင့်ကနေပဲ ထွက်ခွာသွားခဲ့ရလေတော့၏။ Uruguay ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရှုံးပေးခဲ့ရ၏။ ဆီမီးဖိုင်နယ်မှာတော့ Argentina vs Canada နှင့် Uruguay vs Colombia တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Copa America ဆီမီးဖိုင်နယ် ပွဲစဉ်တွေကလည်း July 10, 11 ရက်တွေမှာပဲ ဖြစ်၏။ ကောင်းရော။

    (Photos from Euro & Copa America Facebook pages)

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!