Big matches at Big Days

in voilk •  5 months ago

    ဒီနေ့မှာ EPL ပွဲစဉ် ၆+၁ ပွဲ ကစားသွားဖို့ ရှိ၏။ +၁ က မြန်မာစံတော်ချိန် ည ၁၂ နာရီဆိုတော့ ဟိုဘက်ရက် တနင်္ဂနွေ နေ့ထဲ နည်းနည်းပါသွား၏။ ဒါပေမယ့် ကျနော့် အတွက်ကတော့ စနေနေ့လိုပါပဲ။ အဆိုပါ +၁ ပွဲက ပွဲကြီး ပွဲကောင်း ဖြစ်၏။ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစား ကြမည် ဖြစ်၏။

    ည ၇ နာရီမှာ တပွဲ၊ ည ၉ နာရီခွဲမှာ ငါးပွဲနှင့် မနက် ၁၂ နာရီမှာ တပွဲ အစဉ်လိုက် ကြည့်သွားရုံပင်။ ည ၉ နာရီခွဲ ငါးပွဲမှာ ဘယ်ပွဲကြည့်ရမလဲ ဗြာတော့များလိမ့်မယ်။ ဟိုပွဲချိန်းကြည့် ဒီပွဲပြောင်းကြည့် ကြပြန်တော့လည်း ကြည့်ရတာ အရသာ မရှိပေ။ ပွဲတွေက အကုန်ကောင်းမှာ အသေအချာပင်။ ဇာတ်ရှန်မြင့်နေသည့် အချိန်မလား။ ကိုယ်တွေရဲ့ အာရှ ဂုဏ်ဆောင် ဆွန်နီ ပါသည့် စပါးနှင့် ဝုဗ်ပွဲပဲ ကြည့်တော့မည်။

    ည ၉ နာရီခွဲ ပွဲတွေရယ်မှ မဟုတ် ၇ နာရီမှာလည်း ရွေးရပေလိမ့်ဦးမည်။ EPL က တပွဲထဲရယ် ဆိုပေမယ့် WSL ပွဲလည်း ရှိနေ၏။ အာဆင်နယ် အမျိုးသမီးအသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အမျိုးသမီးအသင်းတို့ ကစားကြမည် ဖြစ်၏။ EPL က ဘန်းဖို့နှင့် လီပါပူး ပွဲ ဖြစ်၏။ ကိုယ့် ယူနိုက်တက်ပွဲပဲ ရွေးလိုက်တော့မည်။ ကျနော့်ရဲ့ Toone (7) ကိုလည်း အားပေးရဦးမည်။

    ပွဲကောင်းတွေ ပွဲချိန်တွေ တိုက်နေရင် အဲ့လိုပါဆို။ ဘယ်ပွဲ ရွေးပြီး ကြည့်ရမယ်မှန်းကို မသိနဲ့။

    ဒီတပတ် EPL week 25 ရဲ့ အကောင်းဆုံး ပွဲကတော့ စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ် ဖြစ်ပါလိမ့်မယ်။ စီးတီးတို့ရဲ့ ချန်ပီယံဖြစ်ခွင့် လမ်းကို ချယ်လ်ဆီးတို့ အနှောင့်အယှက် ပေးနိုင်မလား၊ ဒါမှ မဟုတ် စီးတီးကပဲ သူတို့ရဲ့ ချန်ပီယံ အိပ်မက် ခရီးလမ်းကို အမှားအယွင်းမခံဘဲ ဆက်လက် ပုံဖော် နိုင်မလားကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

    ဒီဘရိုင်း ပြန်လည် ပါဝင်လာတာကလည်း စီးတီးရဲ့ ကစားကွက်၊ ကစားပုံကို ပိုပြီး ကောင်းလာစေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲဆက် အနိုင်တွေ ချည်းပါပဲ။ ချယ်လ်ဆီးကတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ပါ။ မသိရင် ကိုယ်တွေ ယူနိုက်တက်လိုပဲ။ အမယ် ဒါပေမယ့် ယူနိုက်တက်က ခြေပြန် မှန်နေပါပြီ။ ခုထိ ရှုံးပွဲ မတွေ့သေးပါဘူး။ ချယ်လ်ဆီးက နောက်ဆုံး ကစားထားတဲ့ ၅ ပွဲ မှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။

    မန်စီးတီးရဲ့ အိမ်ကွင်း ဖြစ်နေတာရယ်၊ ဒီဘရိုင်းနှင့် ဟာလန်းတို့ကြောင့် စီးတီးကပဲ ယခုပွဲကို အနိုင်ရသွားမယ်လို့ ထင်မိပါတယ်။

    နက်ဖြန်မှ ရလဒ်တွေ နှင့်အတူ ပြန်လာခဲ့ပါမယ်။

    (Photos from Respective Facebook pages)

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!