နှစ်ကူး Services

in voilk •  3 months ago

    Co : : " အကိုမှန်လဲ ချင်လို့ "

    Me : : " ဟုတ်ကဲ့ အကို ဖုန်း Model လေး "

    Co : : " **** "

    Me : : " ရတယ် ခင်ဗျ... ၁၅ မိနစ် စောင့်ပေးပါ "

    Co : : "ဟာအကို မြန်လိုက်တာ ဟုတ်ရဲ့လား"

    Me : : "တစ်ချို့ Model တွေက မြန်တယ် ခင်ဗျ"

    အမှန်တိုင်း ပြောရလျှင် ကျွန်တော် ခုနောက်ပိုင်း Post တွေ သိပ်မရေး ဖြစ်တော့ပါဘူး။ လုပ်ငန်း အခြေအနေအရ အလုပ်တွေကို ကုန်းရုန်း ပြီး လုပ်နေရသော ကြောင့် စာတွေ မရေး ဖြစ်တော့တာပါ။ ဒါပင်မဲ့ နောက်ပိုင်း Service နှင့် သက်ဆိုင်သည့် Telecinal အကြောင်းတွေ ကိုတွေ ရေးဖြစ်မယ် ထင်ပါတယ်။ ထိုသို့ ရေးဖြစ်လျှင်လည်း မြန်မာလိုထက် English လို ပိုပြီး ရေးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

    အားလုံးက အရင်ကထက် ပိုမို ခက်ခဲနေကြသည့် အခြေအနေပါ။ ကျွန်တော်အတွက် ကတော့ ဒီနိုင်ငံမှာ ဆက်နေ ရမလား နိုင်ငံခြားကို ထွက်သွားရမလား ဝေခွဲ မရပါဘူး။ ဒီနိုင်ငံမှာ ဆက်နေလျှင်လည်း ဒုက္ခတွေက ပိုများလာဖို့သာ ရှိပါတယ်။ နိုင်ငံခြားကို ထွက်သွားလျှင်လည်း ဒီမှာ လုပ်ငန်းတွေ အများစုကို အခြေချထားသည့် အတွက် အခက်အခဲ ကတော့ ရှိနေပြန်ပါသေးတယ်။

    ဘယ်လိုဘဲ ရှိနေပါစေ။ လူလောက ဆိုတာ ရုန်းကန်ဖို့ မဟုတ်ပါလား။ တွေးရင်း စိတ်တွေ မွန်းကြပ်ပြီး နေရထိုင်ရ ခက်ခဲသည့် နေ့ရက်တွေ ကြီးပါဘဲ။

    လိပ်စာ
    ၈/၂၈, သံဖြူဆိုင်ဈေး, သံဖြူဆိုင်မှတ်တိုင်, ရွှေပြည်သာ

    ဖုန်း - 09 777 333 541, 09 45 110 4040

    Ybs - 39,66,78,94,96,140

    #dko #mobile #dpakyaw #lifechanging

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!