ကိုယ်တွေလည်း ခဝါချချင်

in voilk •  last month

    $5.6 billion ဖိုး ငွေကြေးလိမ်လည်မှုနဲ့ ဆက်စပ်နေတဲ့ $10 million ဖိုး Bitcoin တွေ ငွေကြေးခဝါချခဲ့မှုနဲ့ UK တရားရုံးဟာ တရုတ်အမျိုးသမီးတစ်ယောက်ကို ထောင်ဒဏ် 6 နှစ်နဲ့ 8 လ အမိန့်ချလိုက်ပါတယ်။

    Jian Wen ဆိုတဲ့ 42 နှစ်အရွယ်အမျိုးသမီးဟာ တရုတ်နိုင်ငံသားအဖြစ်ရော၊ UK နိုင်ငံသားအဖြစ်ပါ ခံယူထားသူဖြစ်သလို $5.6 billion ဖိုး ငွေကြေးလိမ်လည်တဲ့လုပ်ငန်းမှာ 2017 ခုနှစ်ကနေ 2022 ခုနှစ်အထိ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပါတယ်။

    ဒီလုပ်ငန်းရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူအမျိုးသမီးကိုယ်စား Wen က ငွေကြေးခဝါချခြင်းအမှုကို ကိုင်တွယ်ပေးခဲ့တာဖြစ်ပြီး $10 million ဖိုး အထိ ငွေကြေးခဝါချခဲ့တာပါ။ ဒါပေမယ့် 2022 ခုနှစ်မှာတော့ ဒီလုပ်ငန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကာလတန်ကြေး $4.22 billion ဖိုး Bitcoin တွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

    တကယ်တော့ Jian Wen အဖမ်းခံရချိန်ကလည်း သတင်းတစ်ခုတင်ဖူးခဲ့ပြီးတော့ https://www.facebook.com/myancryptocurrency/posts/pfbid02zc6mMgPPUgFGnkdjw281Ebj3pVK1kYtQjCvmEoDS55CGUmtRtEbDWnavryBThejNl မှာ ပြန်ဖတ်နိုင်ပါတယ်။

    ဒီအချိန်တုန်းကတော့ Wen ဟာ Bitcoin mining လုပ်ပြီးတော့ သန့်သန့်ရှင်းရှင်းရလာတဲ့ငွေတွေဖြစ်ကြောင်း ထွက်ဆိုခဲ့ပေမယ့် အခုတော့ ငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း ထွက်ဆိုခဲ့တာပါ။

    Cryptocurrency တွေ အထူးသဖြင့် Bitcoin လိုမျိုး privacy အသား‌ပေး crypto တွေဟာ ဗဟိုထိန်းချုပ်မှုလုံးဝမရှိတာကြောင့် ကောင်းတဲ့ဖက်မှာသုံးရင် ကောင်းသလို ဆိုးတဲ့ဖက်မှာသုံးမိတဲ့အခါမှာလည်း ဆိုးသွားတာပါပဲ။ ဒါကြောင့် Bitcoin ကို တရားမဝင်နေရာတွေမှာပဲ သုံးကြတာဆိုပြီး မလေ့လာဘဲနေရင်တော့ နောက်ပိုင်းမှာ ခေတ်နောက်ကျသွားနိုင်ပါတယ်။

    Reference Link: https://cointelegraph.com/news/what-happened-in-crypto-on-the-weekend

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!