EPL Round 29 ပွဲစဉ်များ ဒီတပတ်မှာ ကစား၏။ မနေ့က 5 ပွဲ ကစားထားပြီး ဖြစ်။ မနေ့က Man City တို့ အိမ်ကွင်းမှာ Brighton နဲ့ 2-2 သရေကျသွားခဲ့ရ၏။ Manchester ညီနောင်တွေ ဘာ ဖြစ်နေသည်တော့ မသိပေ။ United က အခြေအနေ မကောင်းလှပါဘူးဆိုနေ City ကပါ United လို ထဖြစ်လာနေခဲ့၏။ ကိုယ်တွေက ရာသီ စကတည်းက လွဲနေခဲ့တာ၊ City က ရာသီလယ်လောက်မှ တလွဲတွေ ဖြစ်လာခဲ့ခြင်း ဖြစ်၏။
ရလဒ်တွေ ဆိုးရွားလာတာကနေ ခုဆို အဆင့် 5 နေရာသို့ပါ ဆင်းပေးခဲ့ရ၏။ လက်ကျန် ပွဲတွေကို အာရုံစိုက်မှသာ နောက်ရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် သေချာပေလိမ့်မည်။ ခုလို သရေပွဲတွေ ရှုံးပွဲတွေ မကြာခဏ ကြုံနေဦးမယ်ဆိုရင် Champion League အစား Europa League ဝင်ခွင့်နဲ့သာ ကျေနပ်နေရပေလိမ့်မည်။ သူများအသင်း ပြောနေ ကိုယ်တွေ အသင်းက အဆင့် 15 မှာ။ ဘာကြီးကြီးမားမား မျှော်လင့်စရာလည်း မရှိပေ။ ခုထက် အခြေအနေ ပိုဆိုးမလာရင်သာ ရပြီ။
နက်ဖြန် မနက် 1 နာရီခွဲမှာတော့ Leicester City ၏ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ အဆင့် 15 ကနေတော့ တက်တန် ကောင်းပါရဲ့။ တန်းဆင်းဇုန် ဖိအားခံနေရတာ Leicester City အနေနဲ့လည်း အိမ်ကွင်း ဖြစ်တာနဲ့အညီ အစွမ်းကုန် ကြိုးစားသွားဖို့ ရှိနေပါတယ်။ လက်ရှိ Leicester City နည်းပြ (United ကစားသမားဟောင်း၊ ထို့နောက် လက်ထောက်နည်းပြ) Ruud Van Nistelrooy နဲ့ United တို့ ပြန်လည် တွေ့ဆုံတဲ့ ပွဲလည်း ဖြစ်ပါတယ်။ Real Sociedad ကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်း ကစားပုံမျိုးနဲ့ဆိုရင်တော့ Leicester City ကို ကျော်ဖြတ်နိုင်မယ် ထင်ပါရဲ့။
ဒီနေ့ Super Sunday မှာတော့ ပွဲကြီး ပွဲကောင်း တပွဲလည်း ရှိနေပါသေးတယ်။ Arsenal vs Chelsea တို့ရဲ့ ပွဲစဉ်ပါ။ မြန်မာစံတော်ချိန် ည 8 နာရီမှာ ကစားသွားဖို့ ရှိနေပါတယ်။ Arsenal အတွက် ချန်ပီယံ မျှော်လင့်ချက်က မရှိသလောက် နည်းသွားပြီ ဆိုပေမယ့် အဆင့် 2 နေရာကနေ မဖယ်ပေးရဖို့ကိုတော့ သူတို့ အစွမ်းကုန် ကြိုးစားပါလိမ့်မယ်။ Chelsea ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် တနေရာအတွက် အကောင်းဆုံး တုန့်ပြန် ကစားသွားဖို့ ရှိနေပါတယ်။ United ပွဲက နောက်ကျလွန်းတော့ Arsenal ပွဲ ကြည့် ဖြစ်မယ် ထင်ပါရဲ့။
ယခုပွဲကိုသာ ရှုံးခဲ့ရင် Arsenal အတွက် ချန်ပီယံ မျှော်လင့်ချက်က လုံးဝ နိဋ္ဌိတံသွားတော့မှာ ဖြစ်ပါတယ်။
(photos from Manchester United & Arsenal pages)