သူများတွေက Binance Web3 ဆိုတော့
ကိုယ်တွေလည်း လိုက်လုပ်မယ်ပေါ့။
Web3 Wallet မှာToken တွေယူရင်
ဒေါ်လာနှစ်ဆယ်လောက်ရတယ်ဆိုတော့။
လိုက်လုပ်ချင်တာပေါ့ဗျာ။ ဒေါ်လာနှစ်ဆယ်
ဆိုတာနည်းတာမှတ်လို့။ တစ်ဒေါ်လာ
မြန်မာငွေ လေးထောင်နဲ့တွက်ပါရင်
ရှစ်သောင်းကျပ်ရမည်။ ဆန်အိတ်တစ်ဝက်ဖိုး
ငွေရမည်။
ခက်တာက သူများတွေလုပ်သလို ကိုယ်တွေက
လိုက်လုပ်သည့်အခါ ကျွမ်းကျင်မှုမရှိတော့
ခက်ခဲသည်။ Binance ကို X နှင့်ချိတ်
ဆက်၍ သူတို့၏ Web3 Wallet များကို
ချိတ်ရမည်ဆိုလား။ အဲ့မှာ ဘာကို ဘယ်လို
ချိတ်ရမည်မသိပါ။ ဟိုကလိ၊ ဒီကလိဖြင့်
Binance နှင့် X ကိုဖြင့်ချိတ်ဆက်ထားမိပြီ
ဖြစ်သည်။
နောက်ဆက်တွဲ ဘာဆက်လုပ်ရမည် မသိပေ။
ကျွန်တော်က Cryptocurrency ကိုသေချာ
လေ့လာထားမှုမရှိတော့ အိုးနင်း ခွက်နင်းဖြစ်
နေသည်။ Cryptocurrency သို့ တယောက်ထဲ
ယောင်လည်လည်ရာက်လာခဲ့သည်။ တိုင်ပင်ဖော်
တိုင်ပင်ဖက်မရှိသဖြင့် အတော်ခက်ခဲသည်။
Hive-Myanmar ဂရုမှ မိတ်ဆွေများကို
အကူအညီတောင်း၍ ဟိုမေး၊ ဒီမေးဖြင့်
Binance ကို စမ်းတဝါးဝါးပြုလုပ်ခဲ့သည်။
ယခုတော့ အနည်းငယ်တိုးတက်လာသည်ဟု
မိမိကိုယ်ကိုထင်သည်။ Hive ကို Binance
သို့ လွှဲပြောင်းနိုင်သည်။ ထိုအပြင်
Hive ကို Binance မှာ Trade နိုင်သည်။
အဲ သို့ပေသိ Binance မှ USDT ကိုမူ
P2P ဖြင့် ဘဏ်သို့ မလွှဲနိုင်သေးပါ။
ဒါကိုလည်း တဖြည်းဖြည်ချင်း သင်ယူရပေ
အုံးမည်။ ထိုအရာကတော့ အလွန်လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် Hive ဈေး သုံးဒေါ်လာ၊
ဒေါ်လာသုံးဆယ်ဖြစ်ပါမူ ကိုယ်တိုင် ကိုယ်ကျ
ထုတ်ယူနိုင်ရ ပေမည်။
အမယ်မင်း စိတ်ကူးလို့ အတော်ကောင်းပါ့။
ယခုတော့ Web3 မှ တိုကင်များကို မည်သို့
မည်ပုံ ယူရမည်ကို ဆရာသမားများက
သေသေချာချာ ပိုစ့်တင် ပြသပေးကြပါအုံး။
လုပ်ပုံ လုပ်နည်းကို ပုံလေး ဘာလေး၊
စကင်ရှော့လေးတွေနဲ့ ဝေဝေဆာဆာ
ရေးပြပေးကြပါအုံးလို့ မေတ္တာရပ်ခံအပ်ပါသည်။
အဲ ကျွန်တော်ဖုန်းက စတိုးပြည့်၍
Binance app မရှိပါ။ ကျွန်တော်သည်
Chome ဘရောင်စာဖြင့်သာ Binance သို့
ဝင်ရောက် လုပ်ကိုင်နိုင်ပါသည်။ သို့ပါ၍
ဘရောင်စာဖြင့် ပြုလုပ်သောနည်းလေးကိုလည်း
ရေးပြပေးစေချင်ပါသည်။
@htwegyi
December 16, 2024