စိမ်းဖို့ နီတာပါ။

in voilk •  10 days ago

    မနေ့က Hive ဈေးသည် ပြားငါးဆယ်အနီးသို့
    ရောက်ရှိခဲ့သည်။ ထရိတ်ဒါကြီးကျွန်တော်သည်က
    အသဲအသန် အရောင်းအဝယ်လုပ်ခဲ့သည်။
    Binance မှာရှိသော 45 Hive ကို ရောင်းသည်။
    အက်လယ် အရောင်းအဝယ်ဆိုပါလား။
    အမှန်က ကိုယ့်မှာရှိ သော၊ Binance မှာ
    မြန်မာငွေဖြင့် မထုတ်နိုင်နေသော ဟိုက်ကို
    ရောင်းလိုက် ဝယ်လိုက်ဖြင့် ကလိနေခြင်း
    ဖြစ်ပေသည်။ မည်သည့်အချိန်မှာ အရောင်း
    အဝယ်လုပ်ရမည်ကို မသိ။ အစိမ်းရောင်းသန်း
    ပါလျှင်ရောင်းသည်။ အနီရောင်သန်းပါလျှင်
    ဝယ်မည်။ စသဖြင့် အကြမ်းအားဖြင့် စိတ်ကူး
    ခဲ့သည်။

    မနေ့က ကိုယ်တွေ ဖုန်းဖွင့်ကြည့်ချိန်မှာ
    Hive ဈေးသည် လေးဆယ့်ငါးပြားဖြစ်နေသည်။
    ဒီတော့ အသဲအသန် အပြေးအလွှား
    Binance ကိုသွားဖွင့်သည်။ Binance
    သည်က ယခုအခါ မေးလ်အကောင့်ဖြင့်
    အလွယ်တကူဖွင့်ရနေသည်။ ဒီတော့
    အဆင်ပြေစွာဖြင့် ကလိ၍ ရနေသည်။
    Binance ရှိ ထုတ်မရသေးသော Hive
    ကလေးအနည်းငယ်ကို အားရပါးရ ထုတ်၍
    ရောင်းပါလေတော့သည်။

    ဟံမယ် ကိုယ်မှ Trade ပါမယ်ဆိုမှ
    ကိုယ်ကြည့်နေစဉ်အတွင်း ဟိုက် ဈေးသည်က
    လေးဆယ့်ငါးပြားမှ လေးလေး၊ လေးသုံး၊
    လေးနှစ် စသဖြင့် တတိတိကျနေသည်။
    ဟ မဖြစ်သေးပါဘူး။ လေးဆယ့်သုံးလောက်နဲ့
    ရောင်းထုတ်လိုက်အုံးမှ။ ကဲလာရော့။
    ကမန်းကတန်း ထုတ်ရောင်းသည်။ အဲ့မှာ
    ဘာကို ဘယ်လို နှိပ်မိသည်မသိ။ ကိုယ့်မှာ
    ရှိတာ အကုန်ရောင်းပါတယ်ဆိုမှ။ ဟိုက်က
    အကုန်ရောင်းမထွက်ပေ။ ဟိုက်လေးဆယ့်ငါး
    ကို သုံးဆယ့်ငါးသာ ရောင်းထွက်သွားသည်။

    သို့နှင့် မကျေနပ်၍ ကျန်ရှိနေသော ဟိုက်
    ကိုးခုကို တဖန် ထုတ်ရောင်းပြန်သည်။
    အဲ့မှ ဈေးက ပြန်တက်နေသည်။ ဒီတခါတော့
    ဟိုက်ကိုးခုကို လေးသုံးငါး ဈေးဖြင့် ရောင်း
    လိုက်သည်။ ကိုယ့်မှာရှိသော ဟိုက်များ
    အကုန်ရောင်းပြီးသကာလ Hive ဈေးသည်
    ပြားငါးဆယ်အနီးသို့ မခို့တရို့လေး
    ရောက်ရှိ‌သွားပေသည်။ ကတောက်စ်
    ရိုင်းလိုက်ထာ။ ကိုယ်တယောက်ထဲ ကြေကွယ်
    နေသည်။

    စိတ်ထဲမှာ အမှန်က‌တော့ ကျေနပ်သည်။
    ဟိုတနေ့က လေးဆယ့်လေးပြားဈေး
    ဖြစ်တုန်းက မရောင်းလိုက်ရ၍ ကြေကွယ်ခဲ့သည်။
    ယခုတကြိမ်မှာ ရောင်းလိုက်ရ၍ ကျေနပ်သည်။
    အဲ သို့ပေသိ လောဘဗျ။ ပြားငါးဆယ်ကြီး
    တောင်ရောက်မလိုဖြစ်တာကို လေးဆယ့်သုံးပြား
    ‌နဲ့ ရောင်းလိုက်ရသဖြင့်။ စသဖြင့်ပါ‌လေ
    လူ့လောဘများဟာ အဆုံးကိုမရှိတာပါ။
    မည်သို့ဆိုစေကာမူ ကျွန်တော်တို့၏ အချစ်တော်
    Hive သည်က အစိမ်းရောင်များသန်းလာပေသည်။
    ယခုအချိန်တော့ အနီရောင်ဖြစ်နေသည်။
    စိမ်းဖို့ နီတာနေမှာပါ ဟုတ်ဖူးလား။
    ကျွန်တော်တို့၏ Hive Myanmar ကော်မတီ
    သည်လည်း ပြန်လည် စည်ကားလာလေမလား။

    @htwegyi
    December 30, 2024

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!