Origami 3-Petals Lilies & Stems

in voilk •  3 months ago

    ဒီနေ့ တကယ့်ကိုလှတဲ့ 3-petals lily flower များ ပြုလုပ်ထားပါတယ်။ ထိုပန်းသုံးပွင့်နဲ့အတူ stem များကိုလည်းပြုလုပ်ထားတာပါ။ ထိုနှစ်ခုအနက် ပန်းပြုလုပ်နည်းက အဆင့်ပိုများပါတယ်။ သူတို့ကိုစက္ကူခေါက်တဲ့အခါ ကော်မလိုအပ်ပါဘူး။ သူတို့ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလိုစာလည်းရေးထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ခဲတံနဲ့ပေတံစသဖြင့်ပါ။

    ပထမအဆင့်မှာ ပန်းတစ်ပွင့်အတွက်စက္ကူကို 21cm တိုင်းတာ၍ အလျားအနံတူညီစွာဖြတ်ပါတယ်။ ထိုစက္ကူကို တစ်ဝက်စီလေးကြိမ်ခေါက်၍ ထိုခေါက်ချိုးမျဥ်းများအတိုင်းအတွင်းသို့ခေါက်ပြီး၊ အနားနှစ်ဘက်စီကို အလယ်မျဥ်းများသို့ခေါက်၍ သူတို့ကို ဖြန့်ရမှာပါ။ အခြားတစ်ဘက်ကိုလည်း ထိုကဲ့သို့ခေါက်၍ ထိုစက္ကူကိုဖြန့်ပြီး ပွင့်ဖတ်သုံးခုဖြစ်ရန် အနားနှစ်ဘက်ကို ပုံအတိုင်း ပူးတွဲ၍ခေါက်ရမှာပါ။ အနားနှစ်ဘက်စီကိုနောက်တစ်ကြိမ် အလယ်သို့ထပ်မံခေါက်၍ ပွင့်ဖတ်များကိုဖြန့်ပါတယ်။ ထိုနည်းအတိုင်း ပန်းသုံးပွင့်ပြုလုပ်ရမှာပါ။

    stem အတွက်စက္ကူကို 21cm ဖြင့် အလျားအနံတူညီစွာဖြတ်၍ တစ်ဝက်ခေါက်ပါတယ်။ အနားနှစ်ဘက်ကို အလယ်မျဥ်းသို့နှစ်ကြိမ်ခေါက်၍ ထိုစက္ကူကိုတစ်ဘက်သို့လှည့်ပါတယ်။ အနားနှစ်ဘက်ကို အလယ်သို့ထပ်မံခေါက်၍ ဒါကိုတစ်ဝက်ခေါက်ပြီးနောက် သစ်ရွက်ပုံစံတစ်ခုပြုလုပ်ပါတယ်။ ဒါကိုပန်းနဲ့ ပုံအတိုင်းဆက်ရမှာပါ။

    သူတို့က အရမ်းလှပြီးနှစ်သက်စရာကောင်းပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

    April 11, 2024
    Written by @asterkame
    By my photo & made by me

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!