Again and Again

in voilk •  3 months ago

    ဘောလုံး အကြောင်း နားပြီး တခြား အကြောင်းအရာလေး ရေးမယ် ဆိုမှပဲ ဘောလုံး အကြောင်းပဲ ထပ်ပြောဖြစ်ဖို့ အကြောင်းဖန်လို့ လာခဲ့ပြန်၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် 2 နာရီခွဲမှာ EPL Boxing Day ပွဲစဉ်များ ဆက်လက် ကစား၏။ United ပွဲလည်း ရှိ၏။ 2 နာရီခွဲ ဆိုတော့ မကြည့်တော့ဘူး အိပ်မယ် တွေးထားလိုက်၏။ ပုံမှန်အားဖြင့်က မနက် 1 နာရီလောက်ထိပဲ နေပြီး အိပ်လေ့ရှိ၏။ မနေ့က သီချင်းနားထောင်နေတာ 2 နာရီထိုးသွား၏။ Telegram & Facebook ခဏ ပွတ်လိုက်တာ 2 နာရီခွဲ သွား၏။ ဪ ပွဲလည်း လာနေလောက်ပါပြီမို့ လူစာရင်းကြည့်ရင်း 5 မိနစ်၊ 10 မိနစ်လောက် ကြည့်ပြီး အိပ်မယ်ကွာပေါ့။

    ပွဲစပြီး 4 မိနစ်မှာတင် New Castle က ဦးဆောင်ဂိုး သွင်းယူ၏။ 19 မိနစ်မှာ နောက်တဂိုး ထပ်မံ သွင်းယူ၏။ နှစ်ဂိုးလုံးက တပုံစံထဲ။ အမြင့်ဘောတွေကနေ တဆင့် သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ United နောက်တန်း အနေနဲ့ ဒီရာသီမှာ အမြင့်ဘော ဖျက်ထုတ်မှုပိုင်း အတော်လေး အားနည်းလွန်းလှ၏။ Ferdinand & Vidic တို့ အတွဲကို လွမ်းမိ၏။ United တို့ အနေနဲ့ ပထမတပိုင်းလုံး ဘာမှ မယ်မယ်ရရ လုပ်ပြနိုင်ခြင်း မရှိဘဲ New Castle ၏ ကစားကွက်အောက်မှာ မျောသွားခဲ့၏။

    ဒုတိယပိုင်းတော့ ဆက်မကြည့် ဖြစ်တော့ပေ။ အရံလူစာရင်းထဲမှာ ပွဲ အဖြေပြောင်းပေးနိုင်သည့် ကစားသမားမျိုး မရှိနေခဲ့ပေ။ United မှာ Team work မရှိသည့်အပြင် Talent player လည်း မရှိနေခဲ့ပေ။ United ၏ ခေတ်က ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ United က ရှုံးပေမယ့် ရှေ့ရက်မှာ ကစားသွားသည့် City ကတော့ နိုင်ပွဲ ပြန်လည် ရယူသွားနိုင်ခဲ့၏။

    Liverpool ရဲ့နောက် အဆင့် 2 နေရာကနေ ဖိအားပေးခဲ့သော Chelsea အသင်းကလည်း အဝေးကွင်းမှာ Ipswich Town ကို 2-0 ဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ အမှတ်ပေးဇယား အဆင့် 4 နေရာမှာ ရပ်တည်နေ၏။ United ကို အနိုင်ကစားသွားသည့် New Castle ကတော့ Man City ၏ အထက် အဆင့် 5 နေရာမှာ ရပ်တည်နေ၏။

    January လ 5 ရက်နေ့မှာတော့ United တို့ Liverpool အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ အင်း ခက်ခဲပြီးရင်း ခက်ခဲနေဦးမည် ထင်ပါရဲ့။

    (photo from Manchester United Facebook page)

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!