မီးစက်သံတညံညံဖြင့် နိုးထလာမိသည်။မနေ့ညကထူးထူးဆန်းဆန်း မီးပျက်ရက်ကိုမီးလာခဲ့သည်။မနေ့ကညနေက
athen miningမှရသည့်Athလေးရောင်းသည့်
ငွေလေး၅၂၀၀နှင့်avisoမှရသည့်$2ကျော်ရောင်းရ
သည့်ငွေစုစုပေါင်း ၁၃၀၀၀ကျပ်ဖြင့်ဈေးသွားဝယ်ခဲ့
သည်။
ပထမဆုံး အိမ်နားမှone stop supermarketသို့
ချီတက်ခဲ့သည်။ဘာမှမယ်မယ်ရရဝယ်စရာမရှိသော်လည်း
အပျင်းပြေမျက်စိအစာကြွေးချင်၍ဝင်ခဲ့မိသည်။ဟိုကြည့်ဒီ
ကြည့်ကြည့်ရင်းဝယ်နေကျအုန်းနို့ခရမ်အထုတ်ကလေး
၁ထုပ်၊ခေါက်ဆွဲခြောက်ကလေး၁ထုပ်၊ဆော့ဘူးလေးတဘူးစုစုပေါင်း၃၂၀၀ကျသင့်သွားသည်။
ထို့နောက် အအေးဆိုင်ကလေးဝင်၍ မောင်နှမ၂ယောက်
မနိကျည်းကျောက်ကျောကလေး ၂ခွက်သောက်ရာ
၁၂၀၀ကုန်သွားပြန်သည်။
တဖန်သုဝဏ္ဏဈေးဝင်၍ အာဗြဲခြောက်ကိုအစည်းကလေး
နှင့်ရောင်းနေသည်ကိုတွေ့၍ဈေးမေးကြည့်ရာ ၁စည်း
၁၀၀၀ကျပ်ဆို၍ ၂စည်းဝယ်ခဲ့သည်။ငရုတ်သီးစပ်စပ်က
လေးဖြင့်ကြော်စားမည်ဟုတွေးခဲ့သည်။
ထို့နောက်ဟိုကြည့်ဒီကြည့်ကြည့်ရင်းငါးကြင်းအကောင်ငယ်
၁ကောင်ကို၃၅၀၀ကျပ်ဆို၍ ၁ကောင်ဝယ်ခဲ့ပေသည်။
ငရုတ်သီးလေးစိတ်ခွဲလေးကုန်၍၅၀၀ကျပ်ဖိုးဝယ်လိုက်ပါ
သည်။
ထို့နောက်မိမိပိုက်ဆံအိတ်ထဲ၌ပါလာသည့်၁၃၀၀၀ကျပ်
ကလေးသည် ၂၀၀၀ကျော်သာကျန်ပေတော့သည်။ထို့
ကြောင့်ဘာမှဆက်မဝယ်တော့ပဲ အိမ်သို့ပြန်ခဲ့ကြသည်။
လွန်ခဲ့သော၃နှစ်ကျော်ခန့်က၁သောင်းဖြင့်ဈေးသွားပါက
တပတ်စာဟင်းချက်စရာများရရှိပေသည်။
တရိပ်ရိပ်တက်လာသောကုန်ဈေးနှူန်းကြောင့်ငွေတန်ဖိုး
သည်တော်တော်ပင်ကျဆင်းလာခဲ့သည်။ထို့ကြောင့် မြန်မာ
ပြည်၌ လူဖြစ်ရသည့်ဒုက္ခသည်အင်မတန်ကြီးမားလှပေ
သည်။
နောက်ဘဝတဖန်လူပြန်ဖြစ်ပါက ဒုက္ခနည်းသောနိုင်ငံ၌
သာလူဖြစ်ပါရစေဟုဆုတောင်းရင်းဖြင့်နိဂုံးချုပ်လိုက်ရပေ
တော့သည်။