Korea or Jordan

in voilk •  5 months ago


    (Photo from Korea team Facebook page)

    ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်သူ ဖြစ်မလဲက တဖြည်းဖြည်း စိတ်ဝင်စားဖို့ ကောင်းလာနေခဲ့၏။ ဒီနေ့ မနက် အစောမှာ ကစားခဲ့သည့် ဘန်းဖိုစ့်နှင့် မန်စီးတီးတို့၏ ပွဲစဉ်မှာ မန်စီးတီးက 1-3 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ခုဆို စီးတီးက တပွဲလျော့ 49 မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် 2 နေရာမှာ ရပ်တည်နေပါတယ်။ အဆင့် 1 က လီပါပူးက 51 မှတ်ဆိုတော့ ပွဲကျန် တပွဲကိုသာ စီးတီးတို့ အနိုင်ကစား နိုင်ခဲ့ရင် အဆင့် 1 နေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။

    ခုမှ ပွဲစဉ် 23 ဆိုတော့ ပွဲစဉ် 38 ပြည့်ဖို့ 15 ပွဲ လိုနေပါသေးတယ်။ ဘယ်သူကတော့ ချန်ပီယံ ဖြစ်ပြီဟု တထစ်ချ ပြောဖို့ရန်မှာ စောနေသေးပေမယ့် ထိပ်ဆုံး 3 သင်း ဖြစ်သည့် လီပါပူး၊ မန်စီးတီးနှင့် အာဆင်နယ်တို့ ထဲက တသင်းသင်းသာ ချန်ပီယံ ဖြစ်သွားဖို့ ရှိ၏။ အက်စတုန်ဗီလာနှင့် စပါးကတော့ ခြေစွမ်းပိုင်း ကောင်းပေမယ့် ချန်ပီယံ ဖြစ်နိုင်ဖို့ကတော့ လိုအပ်ချက်တွေ ရှိနေပါသေး၏။ 15 ပွဲ 45 မှတ်မှာ ဘယ်နှယ်မှတ် ရယူနိုင်ကြမလဲ ဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။

    ယူနိုက်တက်ကတော့ ဥရောပဝင်ခွင့် အတွက်သာ မျှော်လင့်လို့ ရတော့၏။ ဒါတောင် အတော်လေး ကြိုးစားမှသာ ဖြစ်နိုင်ပေလိမ့်မည်။ လက်ရှိမှာ အဆင့် 6 မှာ ရပ်တည်နေပြီး အဆင့် 4 က အက်စတုန်ဗီလာနှင့် 8 မှတ်၊ အဆင့် 5 က စပါးနှင့် 6 မှတ် ကွာဟ နေ၏။ ယူနိုက်တက်တို့ နိုင်ပွဲတွေ ရနေတယ် ဆိုပေမယ့်လည်း ခြေစွမ်း၊ ကစားပုံကတော့ သိပ်ပြီး အားရစရာ မရှိသေးပေ။ ဘယ်အချိန်များ ထဖောက် လေဦးမလဲ ဆိုပြီး တထိတ်ထိတ်နဲ့ရယ်။

    ဒီနေ့ မြန်မာစံတော်ချိန် ည 9 နာရီခွဲမှာတော့ အာရှဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ဂျော်ဒန်နှင့် ကိုရီးယားတို့ ကစားကြမည် ဖြစ်၏။ ကိုရီးယားတို့ ရှေ့က ပွဲစဉ်တွေ အတိုင်း ပွဲပြီးခါနီးမှတို့ အချိန်ပိုအထိတို့ အသည်းအသန်များ ကန်နေရပေလေဦးမလား။ ဒါမှမဟုတ် သာမန်ပွဲကစားချိန်မှာပဲ ဂိုးတွေ သွင်းယူပြီး ဗိုလ်လုပွဲကို တက်လှမ်း နိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။ ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်သည့်အပြင် ဂျော်ဒန် အသင်းကလည်း အသင်းကောင်း တသင်းမို့ ကိုရီးယားတို့ သေချာ ကစားဖို့တော့ လိုမည် ဖြစ်၏။

    သူတို့ နှစ်သင်းက အုပ်စု E မှာ တအုပ်စုထဲ ကျနေခဲ့ဖူးသည့် အသင်းတွေ ဖြစ်၏။ အုပ်စု ပွဲစဉ် တွေ့ဆုံမှုမှာတော့ တဖက် 2 ဂိုးစီဖြင့် သရေကျထားခဲ့၏။ FIFA ကမ္ဘာအဆင့် သတ်မှတ်ချက်မှာတော့ ကိုရီးယာက အဆင့် 23 နှင့် ဂျော်ဒန်က အဆင့် 87 ဖြစ်၏။ အဆင့် သတ်မှတ်ချက်ကို ကြည့်ပြီး ကိုရီးယားနိုင်သွားလိမ့်မည်ဟု ယတိပြတ် ပြောလို့တော့ မရပေ။ ဘောလုံးက အလုံးကြီးမလား။ ဘာမဆို ဖြစ်သွားနိုင်၏။

    ဂျော်ဒန်လား... ကိုရီးယားလား...

    ကျနော်ကတော့ ဆွန်နီ Sonny ပါသည့် ကိုရီးယားပါပဲ ခင်ဗျာ။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!