Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
This week's entry photo is a photo I took while traveling to Southern Shan State, a state in Myanmar. These photos are from Southern Shan State. Taunggyi District Kyauktalone Township, The Hmwaytaw Kakku pagodas in Kakku village.
ဒီတပတ်အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကို မြန်မာနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို ခရီးသွားခဲ့စဉ်က ရိုက်ယူခဲ့တဲ့ဓာတ်ပုံကို မျှဝေလိုက်ပါတယ်။ အခုဓာတ်ပုံတွေက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးမြို့နယ်၊ ကက္ကူရွာမှာရှိတဲ့ မွေတော်ကက္ကူစေတီတော်တွေပဲဖြစ်ပါတယ်။
It is located (26) miles away from Taunggyi City. Kakku pagodas are visited by foreign visitors and local tourists. In addition to studying the ancient historical pagodas, they will also be able to enjoy the natural beauty of Shan State. There were more than 2,500 pagodas, but now only about 2,400 remain.
တောင်ကြီးမြို့ကနေ (၂၆) မိုင်အကွာမှာတည်ရှိပါတယ်။ ကက္ကူစေတီတော်တွေကို နိုင်ငံခြားဧည့်သည်များနဲ့ပြည်တွင်းခရီးသွားများပါ လာရောက်လည်ပတ်ကြပါတယ်။ ရှေးဟောင်းသမိုင်းဝင် စေတီတော်တွေကို လေ့လာနိုင်ကြတဲ့အပြင် ရှမ်းပြည်နယ်ရဲ့ သဘာဝအလှတရားတွေလည်း ခံစားနိုင်ကြမှာဖြစ်ပါတယ်။ စေတီတော်ပေါင်း ၂၅၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါမှာတော့ ၂၄၀၀ ကျော်ခန့်သာ ကျန်ရှိတော့တယ်လို့လည်းသိရပါတယ်။
No one knows precisely which year the donor built and worshiped Hmwaytaw Kakku pagodas. It has been in existence for thousands of years, and even during renovations, the original donor name wasn't able to inscribe an inscription. Kakku Pagoda is different from other pagodas in Myanmar.
မွေတော် ကက္ကူဘုရားစေတီတော်များ ကို မည်သည့် ခုနှစ်ကမည်သည့် အလှူရှင်ကတည်ထားကိုးကွယ်ခဲ့သည်ကို မည်သူမှ အတိ အကျ မသိရှိကြချေ။ ရှေးနှစ်ထောင်ပေါင်း များစွာကတည်းက တည်ရှိလာခဲ့ပြီး ပြုပြင် မွမ်းမံရာတွင်လည်းမူလအလှူရှင် အမှူးပြု၍ ဟုသာကမ္ပည်းရေးထိုးနိုင်တော့ကြောင်းသိရပါတယ်။ ကက္ကူစေတီစုဟာ မြန်မာပြည်မှာရှိတဲ့ တခြားစေတီစုတွေနဲ့ မတူပါဘူး။
If you and your friends visit the southern part of Shan State, you should visit the Kakku pagodas. There are many other places to visit and study in southern Shan State.
အကယ်၍များ မိတ်ဆွေတို့အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို အလည်အပတ်ရောက်ခဲ့ရင် ကက္ကူစေတီတော်တွေကို သွားရောက်လေ့လာသင့်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြားလည်ပတ်စရာ လေ့လာစရာနေရာတွေများပြားပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #45/5.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #45/5. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -