Knight of Cathen Game မိတ်ဆက်

in voilk •  5 months ago

    ကျတော်ဆော့နေတဲ့ game လေး တခုနဲ့ မိတ်ဆက်ပေးပါရစေ ။ သူ့ရဲ့ အမည်ကတော့ Knight of Cathena ဖြစ်ပါတယ် ။ ကျတော် ဆော့တာတော့ သိပ်မကြာ​ေသးပါဘူး ။ သိတာလဲ မကြာသေးပါဘူး ။ Splinterlands ပြီးရင် ကျတော့အတွက် အဆင်ပြေတဲ့ game လေးတခုပါ ။ Splinterlands ကတော့ မဆော့ဖြစ်တော့ပါဘူး ဆော့လို့လဲ မရသလောက်ဖြစ်သွားပါပြီ ။

    1000004348.jpg

    ယခု ပြောပြတဲ့ game လေးကိုတော့ playstore မှာ အလွယ်တကူဘဲ Download ရယူနိုင်ပါတယ် ။ တချို့ ကျနော် အပါအဝင် playstore ကမရရင်တော့ browser ကနေ သူ့ website မှာ down နိုက်ပါတယ် ။ website မှာတော့ android / ios and windows အစရှိသဖြင့် ရွေးချယ် down ယူနိုင်ပါတယ် ။

    သူ့ဆီမှာ အနိုင်ရလျှင် Cgo ဆိုတဲ့ coin ရပါလိမ့်မယ် ။ ရလာတဲ့ cgo က crypto ဖြစ်တဲ့ အတွက် ရှင်းပြစရာ လိုမယ်မထင်ပါဘူး ။ gmail ဖြင့် အလွယ် တကူ ချိတ်ဆက်ဆော့ကစားနိုင်ပြီး Rank က Square သို့ ရောက်ရှိတဲ့အခါ Wallet တခု ရရှိမှာဖြစ်ပါတယ် ။ game ထဲမှာ Knight / Archer / mage နဲ့ Cleric တို့ ပါရှိမှာဖြစ်ပြီး Knight က ကယ်လျှက်နေရာကို တိုက်ခိုက်ကာ Archer က တကွက်ခြားပတ်လည်နဲ့ Mage က အပေါင်းလက္ခဏာကဲ့သို့ သုံးကွက်ထိ သုံးကွက်လုံးရန်သူရှိပါက သုံးကွက်တိုက်ခိုက်နိုင်ပြီး Cleric ကတော့ တကွက်ခြားနဲ့ ကပ်လျှက်မိမိလူကို အသက်ဖြည့်နိင်ကာ ကပ်လျှက်ရန်သူကို တိုက်ခိုက်နိုင်ပါတယ် ။

    1000004351.png

    တိုက်ခိုက်ပုံနဲ့ အခြား အကြောင်းအရာတို့အား အဆင်ပြေလျှင် နောက်ထပ် ပြန်လည် တင်ဆက်ပေးသွားပါအုံးမယ် ။

    စာလုံးပေါင်း မြန်မာစာ ရေးချင်သလို ရေးလိုက်ပါတယ် ။ ဘာသာစကား စာပေဆိုတာ တယောက်နဲ့ တယောက် နားလည်ကြဖို့ဘဲ မဟုတ်လားဗျာ ။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!