Hello everyone, have a nice day.
This photo is from Sagaing City. This is a photo taken from the banks of the Irrawaddy River. I have often shared photos of Sagaing Bridge (Inwa Bridge). Just as the Ayeyarwady River is important in Myanmar, the Sagaing Bridge (Inwa Bridge) is a bridge with a good history. It is also the first bridge over the Irrawaddy River.
At present, Sagaing Bridge (Inwa Bridge) has served its duty for hundreds of years, so it is already old. Vehicles will no longer be allowed to pass over the Sagaing Bridge (Inwa Bridge). In the past, the block was a big bridge that not only foreign visitors but also local tourists came to study. At this time, the political situation is unstable, so there are no visitors.
For this week's Around The World Challenge photo, I'm sharing the beauty of the Sagaing Bridge over the Irrawaddy River on a full moon day evening when the sunset with colourful cloud.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဒီဓာတ်ပုံက စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ကမ်းပါးကနေရိုက်ယူထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ စစ်ကိုင်းတံတား(အင်းဝတံတား)ရဲ့ ဓာတ်ပုံတွေကိုလည်း မကြာခဏမျှဝေဖူးပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်က အရေးပါသကဲ့သို့ စစ်ကိုင်းတံတား(အင်းဝတံတား)ကလည်း သမိုင်းကြောင်းကောင်းရှိခဲ့တဲ့ တံတားဖြစ်ပါတယ်။ ပထမဆုံးသော ဧရာဝတီမြစ်ကူးတံတားလည်းဖြစ်ပါတယ်။
ယခုအချိန်မှာ စစ်ကိုင်းတံတား(အင်းဝတံတား)က နှစ်ပေါင်းရာချီပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်လို့ ဟောင်းနွမ်းနေပြီဖြစ်ကါတယ်။ စစ်ကိုင်းတံတား(အင်းဝတံတား)ပေါ်ကနေ ယာဉ်များကို ဖြတ်သန်းခွင့်မပြုတော့ပါဘူး။ ယခင်ကာလများတုံးက နိုင်ငံခြားသားဧည့်သည်များသာမက ပြည်တွင်းခရီးသွားများပါ လာရောက်လေ့လာကြတဲ့ တံတားကြီးလည်းဖြစ်ပါတယ်။ ယခုအချိန်ကာလက နိုင်ငံရေးအခြေအနေ မတည်ငြိမ်တဲ့အတွက် လာရောက်သူမရှိပါဘူး။
ဒီတစ်ပတ် Around The World Challenge အတွက် ဓာတ်ပုံကို လပြည့်နေ့ ညနေ နေဝင်ဆည်းဆာ တိမ်ရောင်စုံဖြစ်ပေါ်နေတဲ့အချိန်မှာ ဧရာဝတီမြစ်ပေါ်က စစ်ကိုင်းတံတား(အင်းဝတံတား)ရဲ့အလှကို မျှဝေပေးလိုက်ပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #44/5.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #44/5. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -