Well Play Coventry City

in voilk •  2 months ago

    FA Cup ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်တွေတော့ ကစားလို့ ပြီးသွားခဲ့ပြီ ဖြစ်၏။ Man City က Chelsea ကို အနိုင်ယူ၊ Man United က Coventry အသင်းကို ဖြတ်ကျော်ပြီး ဖိုင်နယ် အဆင့်သို့ တက်လှမ်း သွားပြီ ဖြစ်၏။ Man City vs Chelsea ပွဲကတော့ သိပ်ပြီး ပြောစရာ မရှိလှပေ။ ကိုယ့် အသင်းတွေလည်း မဟုတ်နေဘူးကိုး။ ဒါပေမယ့် နည်းနည်းတော့ ပြောကြည့်ရရင် အဆိုပါ ပွဲမှာ Man City ထက် စာရင် Chelsea ကတောင် ပိုကောင်းခဲ့၊ အခွင့်အရေးတွေလည်း ပိုရခဲ့၏။

    Jackson ၏ အဆုံးသတ် မသေချာမှုတွေက Chelsea ကို ဖိုင်နယ်နှင့် လွဲချော်စေခဲ့သည်ဟု ပြောလို့ရမည်။ Drogba လက်သစ် အဖြစ် မျှော်လင့်ထားကြ ပေမယ့် ခုထိတော့ လောက်လောက်လားလား ဘာတခုမှ လုပ်ပြထားတာ မတွေ့ရသေးပေ။ တကျော့ပြန် Lukaku ကတောင် သူ့ထက် သာဦးမည် ထင်။ Chelsea တို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် City ကို အသာစီး ကစားသွားနိုင်ခဲ့၏။

    United တို့ Coventry အသင်းကို အနိုင်ရခဲ့တယ် ဆိုပေမယ့် လွယ်လွယ်ကူကူတော့ မဟုတ်ပေ။ ဒီပွဲ မကန်ခင် ကတည်းကကို တွက်ဆထားပြီးသားပါ။ United အတွက် မလွယ်နိုင်ဘူးလို့။ Coventry က ကောင်းလွန်းနေတာ မဟုတ်ဘဲ United ကကို ညံ့ဖျင်း လွန်းလှ၏။ ညံ့ဖျင်းတယ် ဆိုတာထက် ပေါ့တိပေါ့ဆ နိုင်လွန်းတယ်ဟု ပြောရင် ပိုမှန်မည်။ ရာသီပဲ ပြီးခါနားနီးနေပြီ ကစားသမားတွေက ခုထိ ဘယ်လို ကစားရမယ်မှန်း မသိကြသေးဘူး ထင်ပါရဲ့။ နည်းပြ ကလည်း ဘာလုပ်လို့ လုပ်ချင်နေမှန်း မသိပေ။ လူစားလဲ မှန်ကန်သည့်ပွဲက လက်ချိုး ရေလို့ရ၏။

    ပထမပိုင်းနှင့် ဒုတိယပိုင်း အစောပိုင်း မိနစ်တွေကတော့ အဟုတ်။ 3 ဂိုး သွင်းထားပြီး United တို့က ပွဲကို ဦးဆောင်ထား၏။ ဂိုးပြတ် နိုင်ပွဲ နှင့်အတူ ဖိုင်နယ်တော့ တက်ပြီပေါ့။ ထိုအတွေးက မိနစ် ၇၀ နောက်ပိုင်းမှာ ပျောက်ကွယ်သွား၏။ မိနစ် ၇၀ နောက်ပိုင်းမှာ United ၏ ကစားပုံ လျော့ရိလျော့ရဲ ဆန်လာခဲ့တော့၏။ ဒီ အခွင့်အရေးကို Coventry ကို အပိုင် အသုံးချလေတော့၏။ နောက်ကနေ 3 ဂိုး ပြန်လိုက် သွင်းပြီး United ကို အချိန်ပိုအထိ ဆွဲခေါ်လေတော့၏။

    အချိန်ပို ပထမပိုင်း၊ ဒုတိယပိုင်းမှာကော ဘယ်အသင်းမှ ဂိုး ထပ်မသွင်းနိုင်သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူကြရလေတော့၏။ ပင်နယ်တီမှာတော့ 2-4 ဂိုးဖြင့် အနိုင်ရပြီး United တို့ ဖိုင်နယ် တက်လှမ်းနိုင်ခဲ့၏။ ဖိုင်နယ်ရောက်လို့ ပျော်သင့်ပေမယ့် ပျော်ဖို့ထက် အသင်း၏ အနေအထားကို အားမလို အားမရ ဖြစ်ကြသည့် ပရိတ်သတ်က ပိုများ၏။ Championship အဆင့် 8 မှာ ရပ်တည်နေသည့် Coventry အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ထိ ကန်ရတာကကို မဟုတ်ပေ။ ထို့ပြင် ကိုယ်ကအရင် 3 ဂိုးသွင်းထားတာ မဟုတ်လား။

    Coventry က ကောင်းလွန်းနေလို့ဆိုရင်လည်း ထားပါဦး။ ဒါပေမယ့် Coventry ၏ ကြိုးစား အားထုတ်မှုကိုတော့ မဖြစ်မနေကို ချီးကျူးရပေလိမ့်မည်။ ကိုယ်တွေ United ကကို တလွဲတွေ လုပ်နေတာ။ ဒီအဆင့်နဲ့ ဒီအဆင့်ကို အဲ့လောက်ထိ အသဲအသန် ကစားနေရတာကိုက မဖြစ်သင့်ပေ။ ဒီပုံစံ ဒီအတိုင်းသာဆို ဖိုင်နယ်မှာ City နဲ့ ဘယ်လိုများ ရင်ဆိုင်မည်နည်း။ 31 ဘုံမှာ အင်မတန်မှကို စိတ်ဒုက္ခ ပေးသည့် အသင်းပင်။

    (Photos from Manchester United Facebook page)

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!