ခွေးနဲ့ ကားဝယ်လို့ ရမှာလား

in voilk •  4 months ago

    Dogecoin ကို Tesla ကားဝယ်ယူတဲ့နေရာတွေမှာ payment တစ်ခုအဖြစ် အသုံးပြုလို့ရကောင်းရလာနိုင်တော့မှာဖြစ်ကြောင်း Elon Musk ကိုယ်တိုင်ပြောလာပါပြီ။

    Tesla တပ်ဆင်ထုတ်လုပ်ရေးနေရာတစ်ခုဖြစ်တဲ့ Berlin Gigafactory ရဲ့ ပွဲတစ်ခုမှာ ပွဲကြည့်ပရိသတ်တစ်ယောက်က “နောက်ပိုင်းတွေမှာ Tesla ဝယ်ဖို့ DOGE တွေ သုံးလို့ရလာနိုင်မလား” လို့ မေးခဲ့ရာမှာ Elon Musk က “တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ကျနော်တို့ ဒါကို ဖြစ်အောင် လုပ်နိုင်မှာပါ” လို့ ပြန်ပြောခဲ့ပါတယ်။ ဒီစကားတစ်ခွန်းဟာ ခွေးသားလေး DOGE ကို ဒုံးကျည်တပ်ပေးလိုက်သလိုဖြစ်ခဲ့ပြီးတော့ $0.17 ကျော်ကနေ $0.19 အထိကို ခုန်တက်သွားခဲ့ပါတယ်။

    အခုဆိုရင်လည်း Tesla အင်္ကျီ၊ ဦးထုပ်တွေလိုမျိုး merchandise တွေကို DOGE နဲ့ ပေးဝယ်လို့ ရနေပြီဖြစ်ကြောင်း Elon Musk က ကြော်ငြာသွားပါသေးတယ်။
    Tesla ဟာ merchandise တွေအတွက် DOGE payment တွေကို 2022 ခုနှစ် January လ 14 ရက်နေ့ကစလို့ လက်ခံခဲ့တာဖြစ်ပြီး DOGE မဟုတ်ဘဲ အခြား coin တွေကို Tesla wallet ထဲမှားလွှဲမိရင် လုံးဝပြန်ပေးမှာမဟုတ်ကြောင်းပါ ကြေငြာထားပါတယ်။

    ခွေးဖေဖေ Elon Musk ဟာ သူပိုင် company တိုင်းမှာ ခွေးသားလေး DOGE ကို သုံးသွားမယ်ဆိုရင် DOGE ရဲ့ ဈေးဟာ ထောင်တက်သွားနိုင်တာကြောင့် လူတွေကလည်း အခုချိန်တည်းက Elon Musk ပြောစကားထဲမှာ DOGE ပါရင်ကို ပြေးဝယ်နေကြပုံပါပဲ။ မကြာခင်မှာလည်း X payment တွေမှာ DOGE payment ပါလာဦးမလားဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။

    ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုယ်တိုင်လေ့လာစဉ်းစားသုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ကြောင်း အသိပေးလိုပါတယ်။

    Reference Link: https://cointelegraph.com/news/elon-musk-dogecoin-doge-buy-teslas-at-some-point

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!