Hamster ရဲ့ဗျူဟာမြောက် marketing

in voilk •  5 days ago

    Hamster အနေနဲ့ကတော့ အသုံးပြုသူ user ပေါင်း 43 million ကျော်လွန်သွားခဲ့ပြီးပဲ ဖြစ်ပါတယ်။ ဒီပမာဏဟာ Telegram tap-bot-game တွေထဲမှာ အများဆုံးပဲ ဖြစ်ပါတယ်။ Notcoin ထက်တောင်သာလွန်နေတဲ့ အရေအတွက်ပဲလို့ပြောရမလို့တောင် ဖြစ်လို့နေပါတယ်။

    နောက်ထပ် ထွက်လာခဲ့တဲ့ Tap-bot-game အားလုံးထဲမှာလဲ user အတောင့်တင်းဆုံးနဲ့ အအောင်မြင်ဆုံး ဆိုတဲ့ခေါင်စဥ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီလိုပိုင်ဆိုင်ထားတဲ့ Hamster game ဟာ Airdrop ကာလမှာတင် အကျိူးအမြတ်များစွာ ရရှိလို့နေပါတယ်။

    Hamster အနေနဲ့ ဒီလိုအကျိူးအမြတ်များစွာရရှိနေတဲ့အကြောင်းအရင်ကတော့ marketing ပိုင်မှာ အတော်လေး ရှေ့ပြေးနေတယ်လို့ပြောရမလို့တောင် ဖြစ်နေပါတယ်။ အဓိကအနေနဲ့ကတော့ Youtube အပိုင်မှာပေါ့ hamster အနေနဲ့ subscribe အရေအတွက် 32 million ကြီးက ကြောက်ခမန်းလိလိပါပဲ။

    Hamster အနေနဲ့ Youtube မှာ video ကနေ ရရှိနေတဲ့ပမာဏကတော့ တစ်ရက်ကို 230000$ ထိကို အကျိူးအမြတ်ရနေပါတယ်။ ဒီလိုမျိူး ရရှိလာအောင် Hamster အနေနဲ့ tap-bot-game မှာ mission အနေနဲ့ user တွေကို အလုပ်ပေးထားတာကလဲ သူတို့ရဲ့ ဗျူဟာမြောက်တဲ့ marketing လို့ပဲ မြင်မိပါတယ်။

    Hamster အနေနဲ့ user တွေကို ဘယ်လိုမျိူးစွဲဆောင်ပြီးတော့ View နဲ့ Subscribe အရေအတွက်တွေကို ဘယ်လိုပုံစံနဲ့ marketing ဆင်းနေလဲ Airdrop တွေကို ဘယ်လိုပုံစံနဲ့ပေးမယ်ဆိုပြီးတော့ YouTube ကနေ ဝင်ငွေဘယ်လို ရှာနေလဲဆိုတာကတော့ နောက်ရက်မှဆက်လက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!