စွဲနေလိုက်

in voilk •  2 months ago

    Software development company တစ်ခုဖြစ်တဲ့ Consensys ဟာ US SEC ကို တဖန် တရားပြန်စွဲလိုက်ပါပြီ။ US SEC နဲ့အတူ commissioner 5 ဦးဟာ Ethereum ကို security product အဖြစ် သတ်မှတ်ဖို့ကြံစည်နေကြကြောင်းနဲ့ cryptocurrency တွေရဲ့ အနာဂတ်ကို ထိန်းချုပ်ဖို့ကြိုးစားနေကြကြောင်း စွပ်စွဲထားပါတယ်။

    SEC ဟာ Ethereum အပေါ် အာဏာနဲ့ချုပ်ကိုင်ဖို့ကြိုးစားနေမှုကြောင့် Consensys အပါအဝင် ETH ဝယ်ထားသူတွေဟာ Ethereum network ပေါ်မှာ ETH လွှဲပြောင်းဖို့ ကြိုးစားရင်တောင်မှ ဥပဒေချိုးဖောက်သလိုဖြစ်နေမှာဖြစ်ကြောင်း၊ US အတွင်းမှာ Ethereum network အသုံးပြုနိုင်မှုလည်း နည်းသွားမှာဖြစ်ပြီး အညွန့်တလူလူတက်နေတဲ့ နည်းပညာကို အညွန့်ချိုးလိုက်သလိုဖြစ်သွားနိုင်ကြောင်း ဆိုထားပါတယ်။

    Ethereum ဟာ security product မဟုတ်ကြောင်း US SEC ဖက်က 2018 ခုနှစ်မှာ ကြေငြာခဲ့ဖူးပေမယ့် အခုချိန်မှာတော့ security product အဖြစ် သတ်မှတ်ကောင်းသတ်မှတ်နိုင်ကြောင်း သတင်းတစွန်းတစတွေ ကြားနေရတာလည်း ဖြစ်ပါတယ်။

    US SEC ဟာ ETH ကို security product အဖြစ် သတ်မှတ်လိုက်ရင် Ethereum network ပေါ်မှာ တည်ဆောက်ထားသမျှ US အခြေစိုက် project တိုင်းအပေါ် SEC ရဲ့ အာဏာစက်သက်ရောက်သွားမှာဖြစ်ပြီး crypto project အတော်များများဟာ US နဲ့လည်း မကင်းသလို Ethereum နဲ့လည်း မကင်းတာကြောင့် အကုန်လုံး ပြဿနာတွေ ရှုပ်ကုန်နိုင်ပါတယ်။

    ဒါကြောင့် Ethereum ကို security အဖြစ် မသတ်မှတ်ဖို့အရေးကို crypto industry က တောင်းဆိုနေကြတာဖြစ်သလို SEC အနေနဲ့လည်း အစိုးရကထုတ်ထားတဲ့ဥပဒေတွေပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်တာကြောင့် security အဖြစ် သတ်မှတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

    Reference Link: https://cointelegraph.com/news/consensys-lawsuit-sec-ethereum

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!