အေး ... နီနေလိုက်တော့

in voilk •  2 months ago

    Samourai wallet ရဲ့ CEO နဲ့ CTO တို့ကို US DoJ (Department of Justice) က ဖမ်းဆီးလိုက်ကြောင်း သတင်းတွေ ထွက်လာအပြီးမှာ crypto market ကြီး နီရဲနေပြန်ပါပြီ။

    Decentralized wallet တစ်ခုဖြစ်တဲ့ Samourai wallet ရဲ့ CEO Keonne Rodriguez နဲ့ CTO William Hill တို့ဟာ ငွေကြေးခဝါချမှုမှာ ပူးပေါင်းကြံစည်မှု၊ ခွင့်ပြုချက်မရှိဘဲ ငွေလွှဲလုပ်ငန်းလုပ်ကိုင်မှုတွေနဲ့ တရားစွဲခံရမှာဖြစ်ကြောင်း DoJ ရဲ့ ကြေငြာချက်ထွက်လာပြီး နာရီပိုင်းအတွင်းမှာတင်ပဲ Bitcoin ရဲ့ ဈေးက 4% နီးပါး ထိုးကျသွားခဲ့ပြီး BNB ကလွဲလို့ တခြား altcoin တွေလည်း ဈေးလိုက်ကျနေပါတယ်။

    US အစိုးရဟာ 2023 ခုနှစ်ဆန်းပိုင်းမှာ CEX (Centralized Exchange) တွေကို တရားစစွဲခဲ့တာဖြစ်ပေမယ့် နှစ်လည်ပိုင်းကစလို့ Decentralized Finance တွေဖက်ကို ပြဿနာစရှာလာခဲ့တာဖြစ်ပြီး ဒါဟာ DeFi industry အတွက်တော့ ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်နေပါဘူး။

    CEX (Centralized Exchange) တွေကို တရားစွဲတာမျိုးက သက်ဆိုင်ရာ မိခင် company ရဲ့ ဝန်ထမ်းတွေဖြစ်စေ၊ system မှာ လှိုက်စားမှုရှိနေ့လို့ဖြစ်စေ အကြောင်းကြောင်းကြောင့် လက်ခံပေးလို့ ရပေမယ့် Decentralized wallet နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေကို တရားစွဲတာမျိုးကတော့ code ရေးရုံနဲ့ တရားစွဲခံရတဲ့သဘောမျိုး ဖြစ်နေပါတယ်။

    Decentralized wallet တွေမှာ လုပ်တဲ့ transaction တွေကို developer တွေဖက်က ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ blockchain ပေါ်မှာ user ဖက်က လုပ်တာတွေဖြစ်လို့ developer တွေဟာ wallet ရဲ့ maintenance နဲ့ development ပိုင်းကိုပဲ ကိုင်တွယ်ပေးရတာပါ။ ဒါကိုမှ ငွေကြေးခဝါချမှုနဲ့ တရားစွဲတာဖြစ်လို့ DeFi industry အတွက် ကောင်းတဲ့လက္ခဏာတစ်ရပ် မဟုတ်နိုင်ဘူးလို့ ယူဆရတာပါ။

    ဒါပေမယ့် အခုအမှုတွေဟာ CEO နဲ့ CTO တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် တရားစွဲခံရတာဆိုရင်တော့ အမှုရဲ့ လားရာက တစ်မျိုးပြောင်းသွားနိုင်ပါတယ်။

    Reference Link: https://cointelegraph.com/news/crypto-market-samourai-wallet-founders-bitcoin-ethereum-altcoins

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!