ဘိုင်းနစ် ဒုက္ခ

in voilk •  5 months ago

    မနေ့ညပိုင်းတုန်းက Binance အတွက် စိတ်ခြောက်ခြားစရာ သတင်းတစ်ပုဒ်တက်လာခဲ့ပါတယ်။ Binance နဲ့ Nigeria အစိုးရတို့ကြားက ကိစ္စဟာ ပိုဆိုးလာနေကြောင်းနဲ့ Binance ရဲ့ Nigeria နိုင်ငံတွင်းဝန်ထမ်းတွေဟာလည်း အဖမ်းခံထားရကြောင်း သတင်းတွေထွက်လာနေပါတယ်။ February လ 2 ရက်နေ့ညပိုင်းမှာတော့ Nigeria အစိုးရဟာ Binance ပေါ်က‌ Nigeria နိုင်ငံသားတွေရဲ့ ငွေလွှဲမှုတွေနဲ့ပတ်သက်ပြီး $10 billion ဒဏ်ကြေးသတ်မှတ်ကြောင်း BBC သတင်းဌာဆီကနေ သတင်းတက်လာခဲ့ပါတယ်။

    ဒါပေမယ့် ဒီမနက်မှာတော့ Binance ကို ဒဏ်ကြေးသတ်မှတ်ဖို့ မသေချာသေးသလို ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတစ်ခုကို ပြောခဲ့တာသာဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်မထွက်လာသေးကြောင်း Nigeria သမ္မတအကြံပေးဖြစ်တဲ့ Bayo Onanuga က အတည်ပြုလာပြန်ပါတယ်။ တကယ်လို့သာ Binance အနေနဲ့ Nigeria အစိုးရကို $10 billion ဒဏ်ငွေဆောင်ရမယ်ဆိုရင် US အစိုးရကို ဆောင်ရမယ့် $4 billion ဒဏ်ကြေးကိုပါ ထည့်ပေါင်းပြီး ဒဏ်ကြေး $14 billion အထိ ဖြစ်သွားတော့မှာပါ။

    ဘယ်လိုပဲဖြစ်ဖြစ် Nigeria အစိုးရနဲ့ CEX (Centralized Exchange) တွေကြားမှာ တင်းမာမှုတွေပိုများလာနေပြီး Nigeria အစိုးရဟာ ပြည်တွင်းမှာ လည်ပတ်နေတဲ့ CEX တွေရဲ့ website ဝင်ခွင့်ကို ကန့်သတ်လိုက်သလို Binance ဟာလည်း Nigeria ငွေကြေးဖြစ်တဲ့ Naira ကို p2p ကနေ ဖြုတ်ချထားပါတယ်။

    Nigeria ဟာ crypto အသုံးပြုမှုနှုန်းမှာ ကမ္ဘာ့အဆင့် ဒုတိယနေရာမှာရှိနေတာဖြစ်ပေမယ့် အစိုးရရဲ့ အခုလို လုပ်ရပ်တွေကြောင့် မကြာခင်မှာပဲ ဒုတိယနေရာကနေ ဖယ်ပေးသွားရနိုင်ပါတယ်။

    Reference Link: https://cointelegraph.com/news/nigeria-denies-report-of-10-billion-binance-fine

    Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!