သူ့ အခက် ကိုယ့် အချက်

in voilk •  2 months ago

    US ရဲ့ ပြည်နယ်အတော်များများမှာ ဘဏ်ခွဲတွေဖွင့်ထားနိုင်တဲ့၊ Philadelphia ပြည်နယ်အခြေစိုက် Republic First Bank ဟာ US အစိုးရအမိန့်နဲ့ ပိတ်သိမ်းခံလိုက်ရပါတယ်။ နောက်တစ်ပတ်ကစလို့ ပြည်နယ် 32 ခုက ဘဏ်ခွဲတွေကို Fulton Bank လက်အောက်ကနေ ပြန်ပြီးလည်ပတ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဘဏ်ရဲ့ပိုင်ဆိုင်ငွေပေါင်း $6 billion အထိ ရှိနေပါတယ်။

    First Republic Bank ဟာ လည်ပတ်ငွေနဲ့ ငွေအပ်သူလျော့နည်းလာနေပြီး အတိုးနှုန်းတွေတက်လာတာကြောင့် ငွေချေးဝန်ဆောင်မှုတွေပါ တန်ဖိုးကျကုန်တာကြောင့် ပြည်နယ်အစိုးရအမိန့်နဲ့ ပိတ်သိမ်းခဲ့တာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။

    Republic Bank ပိတ်သိမ်းမှုကြောင့် crypto market အပေါ်လည်း သက်ရောက်မှုရှိခဲ့ပြီး ဈေးတွေကျနေပေမယ့် crypto community ထဲက influencer အတော်များများကတော့ ဒီဖြစ်ရပ်ကို ဥပမာယူပြီး ကိုယ့်ပိုက်ဆံကို ကိုယ်ပိုင် bank လိုမျိုး ထည့်သိမ်းထားလို့ရနိုင်မယ့် cryptocurrency wallet တွေထဲ ထည့်သိမ်းသင့်ပြီဖြစ်ကြောင်း တိုက်တွန်းထားကြပါတယ်။

    သမားရိုးကျ ဘဏ္ဍာရေးစနစ်တစ်ခုဖြစ်တဲ့ ဘဏ်တွေ၊ blockchain နည်းပညာသုံးတဲ့ CEX (Centralized Exchange) တွေဟာ ဗဟိုချုပ်ကိုင်မှုရှိတဲ့ အဖွဲ့အစည်းတွေအောက်မှာ လည်ပတ်နေတာဖြစ်လို့ ကိုယ့်ရဲ့ငွေတွေကို သူတို့ဆီမှာ ဝကွက်အပ်ထားတာနဲ့အတူတူပါပဲ။

    Cryptocurrency တွေကို software ဒါမှမဟုတ် hardware wallet တွေထဲမှာ ထည့်သိမ်းတာကျတော့ ကိုယ့်ပိုက်ဆံတွေကို ကိုယ်တိုင်ပဲ ထိန်းချုပ်ရမှာဖြစ်ပြီး အရာခပ်သိမ်း ကိုယ့်အပေါ်ပဲမူတည်နေတော့မှာပါ။ ဒါပေမယ့် မယုံကြည်စိတ်မချရတဲ့ network တွေပေါ် သွားမတင်ထားဖို့တော့ လိုအပ်ပါတယ်။

    Reference Link: https://cointelegraph.com/news/republic-first-bank-fdic-united-states-regulators-crypto

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
    https://accounts.binance.com/en/register?ref=TA690MBH

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!