သူများတွေ နိုင်ငံနဲ့ ချီ

in voilk •  4 months ago

    2021 ခုနှစ်မှာ Bitcoin ကို တရားဝင်အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီးနောက် Bitcoin တွေ ဈေးကျတိုင်း တောက်လျှောက်ဝယ်စုလာခဲ့တဲ့ El Salvador နိုင်ငံဟာ အခုဆိုရင် Bitcoin ပိုင်ဆိုင်မှုတန်ဖိုး $150 million ကျော်အထိ ရှိနေပါပြီ။
    ဒီထဲကမှ $53 million ကျော်ဟာ အမြတ်တွေဖြစ်တာကြောင့် El Salvador တို့ DCA (Dollar-Cost Averaging) လုပ်ပြီး Bitcoin တွေဝယ်ခဲ့တာဟာ $100 million နီးပါးဖိုးရှိခဲ့တယ်ဆိုတဲ့သဘောပါပဲ။

    Bitcoin ကို တရားဝင်အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်းမှာတည်းက Bitcoin တွေ ဝယ်စုလာခဲ့ပေမယ့် bear market ကြောင့် အများစုရဲ့ဝေဖန်မှုတွေကို ခံခဲ့ရပြီးနောက် အခု bull market တစ်ခါပြန်လာချိန်မှာတော့ El Salvador သမ္မတ Nayib Bukele တို့ လက်မ ပြန်ထောင်လာနိုင်ပါပြီ။

    Nayib Bukele ဟာ ပြီးခဲ့တဲ့ February လ ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းအတွက် ပြန်ရွေးကောက်ခံခဲ့ရပြီးနောက် mainstream media တွေကို ကောင်းကောင်းဝေဖန်ခဲ့ပါတယ်။
    Bear market အတွင်းမှာ mainstream media တွေဟာ El Salvador အစိုးရရဲ့ Bitcoin အရှုံးတွေအကြောင်းကို စာတတန်ပေတဖွဲ့ရေးခဲ့ကြကြောင်း၊ အခုဈေးတွေတက်နေချိန်မှာတော့ ဒီလူတွေအားလုံး အသံတိတ်နေကြသလို El Salvador အစိုးရကိုင်ထားတဲ့ Bitcoin တွေအကုန် အခုချိန်မှာ ထုတ်ရောင်းလိုက်မယ်ဆိုရင် 40% ကျော် အမြတ်ရမှာဖြစ်ပေမယ့် လုံးဝထုတ်ရောင်းမှာမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

    Nayib Bukele ဟာ Bitcoin မြို့တော်တည်ဆောက်ဖို့အတွက်ကိုပါ နှစ်ရှည်စီမံကိန်းရေးဆွဲထားတာကြောင့် ဒီတစ်ခေါက် Bull Market မှာ Bitcoin မြို့တော် တကယ်အကောင်အထည်ဖော်လာနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

    Reference Link: https://cointelegraph.com/news/el-salvador-bitcoin-holdings-164m-btc-profits-50m

    Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

    အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
    https://t.me/myancrypto
    https://t.me/myancryptochannel

    Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
    https://www.youtube.com/c/MyanCrypto

    Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
    https://discord.gg/zxJK6sVMDH

    Binance Myanmar Telegram Group
    https://t.me/BinanceBurmese

    Future Trading အတွက် Referral Code: myancrypto
    Mining Account အတွက် Referral Code: E381THBL

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!