Can Arsenal Win

in voilk •  3 months ago


    (photo from Arsenal Facebook page)

    EPL ပွဲစဉ် Round 35 မှာ Man United တို့ Burnley အသင်းနှင့် တဘက် တဂိုးစီ သရေကျသွားခဲ့၏။ ဇယားအောက်ခြေက Burnley ကို အိမ်ကွင်းမှာ အနိုင်ရအောင် မကစားနိုင်တာကတော့ အတော် ဆိုးလှ၏။ ဒီအတိုင်းသာ ဆိုရင် ယူရိုပါလိဂ် ဝင်ခွင့်တောင် ခပ်လှုပ်လှုပ် ဖြစ်လာနိုင်၏။ အဆင့် ၇ က New Castle က United နှင့် တမှတ်သာ ကွာတော့၏။

    အမှန်တော့ ညက United ပွဲ ကြည့်ဦးမလို့ရယ်။ ပွဲချိန်ကလည်း အစောဖြစ်နေတော့ ကြည့်ဦးမယ်ပေါ့။ သို့ပေမယ့် အကြောင်းကြောင်းကြောင့် မကြည့် ဖြစ်လိုက်ပေ။ ဒါလည်း တမျိုးကောင်းသား စိတ်မညစ်ရတော့ဘူးပေါ့။ United အနေအထားက အတော်လေးကို ဆိုးရွားနေသည်ဟု ‌ပြောလို့ရ၏။ မနှစ်ကထက် ဒီနှစ်မှာ ပိုလို့ ဆိုးနေခဲ့၏။ ကစားသမားတွေပဲ လိုအပ်နေတာလား၊ နည်းပြကပဲ အဆင်မပြေတာလား၊ ဘုတ်အဖွဲ့ကပဲ မှားနေတာလား။ ပရိတ်သတ်တွေမှာတော့ မပျော်ရ အားမလို အားမရတွေနဲ့ပေါ့။

    United လိုပဲ Liverpool တို့လည်း အဝေးကွင်းမှာ West Ham နှင့် ၂ ဂိုးစီ သရေကျလို့ သွားရပြန်၏။ ချန်ပီယံ ပြေးလမ်းကနေ သူတို့ သွေဖယ်လို့ သွားပြီ ဖြစ်၏။ Klopp ၏ Liverpool ကို ကိုင်တွယ်သည့် နောက်ဆုံး ရာသီမှာ Carabao Cup လေးနှင့်ပဲ ကျေနပ်ရလေတော့မည်လား။ Klopp အတွက်တော့ စိတ်မကောင်း စရာပင်။ Arsenal နှင့် Man City မှာ ဘယ်အသင်းက EPL ချန်ပီယံဆုကို ရယူသွားမလဲကတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။


    (photo from Leverkusen Facebook page)

    ဒီနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာတော့ Tottenham vs Arsenal တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Tottenham အနေဖြင့်လည်း ချန်ပီယံလိဂ် ဝင်ခွင့်အတွက်၊ Arsenal ကလည်း ချန်ပီယံ ဖြစ်ဖို့ အတွက် အသီးသီး ကြိုးစား ကစားကြရမည် ဖြစ်၏။ လန်ဒန် ဒါဘီကတော့ ကြည့်လို့ကောင်းမည့် ပွဲစဉ်ပင်။ ည ၁၀ နာရီမှာတော့ Nottm Forest vs Man City တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Forest တို့ အနေဖြင့် တန်းဆင်းဇုန်ကနေ အလှမ်းဝေးအောင် City ထံကနေတော့ အမှတ် ရသလောက် ခွဲယူပေလိမ့်မည်။ ထိုပွဲကလည်း ကြည့်လို့ကောင်းမည့် ပွဲစဉ် ဖြစ်၏။

    မနေ့က ချီးကျူးရမှာကတော့ Leverkusen ဖြစ်၏။ ထုံးစံအတိုင်း နာကျင်အချိန်ပိုမှာ သရေဂိုး သွင်းယူပြီး ရှုံးပွဲ မရှိ စံချိန်ကို ဆက်လက် ရယူထားနိုင်ခဲ့၏။ ၂ ဂိုးပြတ် ရှုံးနေသည်ကို နောက်ကနေ ပြန်လိုက်ကစားပြီး ချေပဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်၏။ ပွဲသိမ်းခရာ မှုတ်မှသာ ပွဲတကယ် ပြီးသည်ဟု ပြောရပေမည်။ Leverkusen ကို မြင်ရတာ တချိန်က Man United ကို ပြန်လည်၍ သတိရမိစေ၏။

    ဂျာမန် ဘွန်ဒက်လီဂါ ပြီးဆုံးဖို့ ၃ ပွဲသာ ကျန်တော့၏။ လက်ကျန် ၃ ပွဲကိုပါ မရှုံးအောင် ကစားပြီး ရှုံးပွဲ မရှိ စံချိန်ဖြင့် ချန်ပီယံဆိုသည့် ဂုဏ်ပုဒ်ကို ရယူသွားနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေ၏။

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!