We are United

in voilk •  4 months ago

    EPL week (26) ကို ဒီနေ့မှာ ဆက်လက် ကစားကြမည် ဖြစ်၏။ လီပါပူးအသင်းကတော့ ပွဲစဉ် 26 အဖြစ် လူတန်တောင်းနှင့် ကြာသပတေးနေ့ မနက်အစောက ယှဉ်ပြိုင်ကစားခဲ့ပြီး ဖြစ်၏။ လီပါပူးတို့ အိမ်ကွင်းမှာ လူတန်တောင်းကို (4-1) ဂိုးဖြင့် အနိုင်ကစားသွားခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထား၏။ လီပါပူးက နောက်ဆုံး ၅ ပွဲကို ဂိုးပြတ်တွေချည်း ကစားထား၏။ ခုပွဲပါ အပါဆိုရင် နောက်ဆုံး ၆ ပွဲပေါ့။ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးထား၏။ အာဆင်နယ်ကို (3-1) ဂိုးဖြင့် ရှုံးထား၏။ နိုင်ရင်လည်း ဂိုးပြတ် ရှုံးရင်လည်း ဂိုးများ၏။

    နည်းပြ ကလော့က ဒီရာသီ ပြီးရင် လီပါပူးကနေ ထွက်မည်ဟု ကြေငြာပြီး နောက်ပိုင်းမှာ လီပါပူး၏ ကစားဟန် ကစားပုံ ကစားကွက်က သိသိသာသာကြီးကို တိုးတက် ပြောင်းလဲသွား၏။ ချစ်ခင်လေးစားရသော နည်းပြကြီး အတွက် ရသမျှ ဖလား အကုန် သူတို့ရအောင် ယူပေးချင်နေသည့် ပုံပင်။ ခုထိလည်း သူတို့ ဖလားစုံ လမ်းကြောင်း ပေါ်မှာ ရှိနေသေး၏။ EPL, EFL, FA, Europa league အစရှိသည့် ဖလားစုံ လမ်းကြောင်းပေါ်မှာပေါ့။ EFL Carabao Cup Final အဖြစ် နက်ဖြန်မှ ချယ်လ်ဆီးနှင့် ကစားသွားဖို့ ရှိနေ၏။

    ကလော့၏ လီပါပူး နောက်ဆုံးရာသီမှာ EPL ဖလားကိုတော့ ရသွားစေချင်ပါ၏။ နို့ပေမယ့်လည်း မန်ယူဖန်မလို့ လီပါပူးသာ EPL ဖလား ရသွားခဲ့ရင် ငါတို့က အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း ဆိုသည့် ဂုဏ်ပုဒ်ကို ခွဲဝေယူရပေလိမ့်မည်။ မန်ယူနိုက်တက်နှင့် ချန်ပီယံ အကြိမ်အရေအတွက်ချင်း တူသွားပေလိမ့်မည်။ လက်ရှိမှာက ယူနိုက်တက်က အကြိမ် 20 လီပါပူးက 19 ကြိမ် တိတိ ချန်ပီယံဆုကို ရယူထားနိုင်ကြသည်ကိုး။

    အကယ်လို့ လီပါပူး မရဘဲ စီးတီးပဲ ထပ်ရသွားပြန်ရင်လည်း အဆင်မပြေပေ။ လက်ရှိမှာ ယူနိုက်တက်ကော စီးတီးကော ချန်ပီယံ အဖြစ် 3 နှစ်ဆက်တိုက် ရယူထားနိုင်တဲ့ စံချိန်ချင်း တူနေကြသည်ကိုး။ ဒီနှစ်ကို စီးတီးသာ ထပ်ရသွားရင် 4 နှစ်ဆက်တိုက် ချန်ပီယံ ဆိုပြီး မြို့ခံ ပြိုင်ဘက်ကြား လေတိုက်ခံ ရနိုင်၏။ ကိုယ်တွေ အတွက်က လီပါပူး ချန်ပီယံ ဖြစ်ရင်ကော၊ စီးတီး ချန်ပီယံ ဖြစ်ရင်ကော ဘယ်လိုမှ အဆင်မပြေပေ။ သူတို့ မဟုတ်ဘဲ အာဆင်နယ် ချန်ပီယံ ဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပင်။

    လက်ရှိမှာ သူတို့ 3 သင်းကလည်း အတော်လေး ခြေစွမ်းကောင်းနေကြသည်ကိုး။ အမှတ်အားဖြင့်လည်း သိပ်မကွာလှပေ။ ခက်တာက အာဆင်နယ်က ပန်းဝင်ခါနီးရင် ထထဖောက်တက်၏။ မနှစ်က အခြေအနေကိုပဲ ကြည့်။ ဒီနှစ်မှာ ထို အမှားကို ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင်တော့ ချန်ပီယံ အိပ်မက်ကို အပြည့်အဝ ဆက်မက်ထားနိုင်မှာ အသေအချာပင်။

    သူများ အသင်းတွေ အကြောင်း ပြောပြီးနောက် ကိုယ့် အသင်းကြောင်း ပြောရပေတော့မည်။ ဒီနေ့ မြန်မာစံတော်ချိန် ည 9 နာရီခွဲမှာ ဖူလ်ဟမ်နှင့် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ အဆင့် 4 နေရာကို တက်လှမ်းပြီး ချန်ပီယံလိဂ် ဝင်ခွင့် တနေရာကို အရယူနိုင်ဖို့ အတွက် ယခုပွဲကို အနိုင်ကစားထားနိုင်ဖို့လို၏။ ဗီလာ၊ စပါးတို့ ခြေချော်မယ့် အချိန် စောင့်ရင်း ကိုယ်တိုင် ခြေမချော်ဖို့လည်း သတိထားရပေလိမ့်ဦးမည်။

    Fighting United. You can do it.

      Authors get paid when people like you upvote their post.
      If you enjoyed what you read here, create your account today and start earning FREE VOILK!